[Unicode]
မနက် ဆည်းဆာရဲ့ ခပ်နွေးနွေး အလင်းက King-sized Bedပေါ်မှာ အိမ်ပျော်နေတဲ့ စုံတွဲပေါ်ကို ရွှေရောင်တွေ ပက်ဖြန်းပေးနေတယ်။
ရုပ်ရည်ချောမောပြီး ကြည့်ကောင်းတဲ့ အမျိုးသားဟာ နို့နှစ်ရောင်အသားရည်နဲ့ အမျိုးသမီးလေးကို ဖက်ရင်း အိပ်ပျော်နေခဲ့တယ်။
ခဏအကြာမှာ အမျိုးသားရဲ့ မျက်ဝန်းတွေက ဖြည်းညှင်းစွာ ဖွင့်လာရင်း သူ့ရဲ့ ရင်ခွင်ထဲက အမျိုးသမီးလေးကို အံ့ဩမှင်သက်စွာ ငေးမောနေမိတယ်။
အမျိုးသမီးလေးရဲ့ ခပ်တိုတို ဆံပင်လေးတွေ၊ သူမရဲ့ မျက်ဝန်းလေးတွေ၊ နှာတံလေးတွေကို ခပ်ဖွဖွ ထိတွေ့လိုက်တဲ့အခါ သူ့ရင်ခွင့်ထဲက အိပ်စက်နေတဲ့ အမျိုးသမီးလေး နိုးလာခဲ့တယ်။သူမရဲ့ နူးညံ့တဲ့ အနမ်းနဲ့ မနက်ခင်းနှုတ်ဆက်မှုနဲ့ အတူ သူ့အတွေးတွေလဲ ကြည်လင်သွားပြီး သူ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
"ကိုယ် အိမ်မက်ဆိုးတစ်ခု မက်ခဲ့လို့"
/အိမ်မက်ထဲ မင်း သေသွားတာတဲ့/
ဒီစကားကိုတော့ သူ့စိတ်ထဲမှာပဲ ရေရွတ်ခဲ့တာ။"ကိုယ်မင်းကို အရမ်း ချစ်တယ်" လို့ ပြောတော့ သူမရဲ့ကိုယ်ပိုင် လှပတဲ့ အပြုံးလေးနဲ့ ပြန်ဖြေတယ်။
ဘာစကားမှတော့ သူမ မပြောဘူး။သူ တစ်နေကုန် အလုပ်မသွားဘဲ သူ့ရဲ့ အမျိုးသမီးလေးကိုပဲ အချိန်ပေးဖြစ်တယ်။ သူမချက်တဲ့ ဟင်းလျာတွေ မြည်းစမ်းတယ်။ အဲ့ဒီနောက် သူမကို မြည်းစမ်းတယ်။
လှပတဲ့ နေ့လေး တစ်နေ့ကို ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ သူမကို ပွေ့ဖက်ထားရင်း သူမေးမိတယ်။"ချစ် ဒီနေ့ ပျော်ရဲ့လား"
"ခရီးထွက်ချင်လား"
"M နိုင်ငံက ရေပူစမ်းက ကောင်းတယ်လို့ ပြောကြတယ်။ ချစ်သွားချင်လား။ အခုချိန်ဆို နှင်းတွေလဲ ကျလောက်ပြီ"သူမက လှပစွာ ပြုံးပြီး ခပ်တိုးတိုးလေး ပြန်ဖြေတယ်။
"အင်း၊ သွားချင်တယ်" တဲ့။စကားနည်းတဲ့ ဒီအမျိုးသမီးလေးရဲ့ လိုအင်ဆန္ဒတွေကို သူ ဖြည့်ဆည်းပေးမယ်။ အိုမင်းလာတဲ့အထိ ဒီအမျိုးသမီးလေး သူ့အနားကနေ ထွက်မသွားစေရဘူး။
[Zawgyi]
မနက္ ဆည္းဆာရဲ့ ခပ္ေနြးေနြး အလင္းက King-sized Bedေပၚမွာ အိမ္ေပ်ာ္ေနတဲ့ စံုတြဲေပၚကို ေရႊေရာင္ေတြ ပက္ျဖန္းေပးေနတယ္။
ရုပ္ရည္ေခ်ာေမာၿပီး ၾကၫ့္ေကာင္းတဲ့ အမ်ိဳးသားဟာ ႏို႔ႏွစ္ေရာင္အသားရည္နဲ႔ အမ်ိဳးသမီးေလးကို ဖက္ရင္း အိပ္ေပ်ာ္ေနခဲ့တယ္။
ခဏအၾကာမွာ အမ်ိဳးသားရဲ့ မ်က္ဝန္းေတြက ျဖည္းၫွင္းစြာ ဖြင့္လာရင္း သူ႔ရဲ့ ရင္ခြင္ထဲက အမ်ိဳးသမီးေလးကို အံ့ဩမွင္သက္စြာ ေငးေမာေနမိတယ္။
အမ်ိဳးသမီးေလးရဲ့ ခပ္တိုတို ဆံပင္ေလးေတြ၊ သူမရဲ့ မ်က္ဝန္းေလးေတြ၊ ႏွာတံေလးေတြကို ခပ္ဖြဖြ ထိေတြ့လိုက္တဲ့အခါ သူ႔ရင္ခြင့္ထဲက အိပ္စက္ေနတဲ့ အမ်ိဳးသမီးေလး ႏိုးလာခဲ့တယ္။သူမရဲ့ ႏူးညံ့တဲ့ အနမ္းနဲ႔ မနက္ခင္းႏႈတ္ဆက္မႈနဲ႔ အတူ သူ႔အေတြးေတြလဲ ၾကည္လင္သြားၿပီး သူ ခပ္တိုးတိုး ေရရြတ္လိုက္တယ္။
"ကိုယ္ အိမ္မက္ဆိုးတစ္ခု မက္ခဲ့လို႔"
/အိမ္မက္ထဲ မင္း ေသသြားတာတဲ့/
ဒီစကားကိုေတာ့ သူ႔စိတ္ထဲမွာပဲ ေရရြတ္ခဲ့တာ။"ကိုယ္မင္းကို အရမ္း ခ်စ္တယ္" လို႔ ေျပာေတာ့ သူမရဲ့ကိုယ္ပိုင္ လွပတဲ့ အၿပံဳးေလးနဲ႔ ျပန္ေျဖတယ္။
ဘာစကားမွေတာ့ သူမ မေျပာဘူး။သူ တစ္ေနကုန္ အလုပ္မသြားဘဲ သူ႔ရဲ့ အမ်ိဳးသမီးေလးကိုပဲ အခ်ိန္ေပးျဖစ္တယ္။ သူမခ်က္တဲ့ ဟင္းလ်ာေတြ ျမည္းစမ္းတယ္။ အဲ့ဒီေနာက္ သူမကို ျမည္းစမ္းတယ္။
လွပတဲ့ ေန့ေလး တစ္ေန့ကို ျဖတ္သန္းၿပီးတဲ့ ေနာက္မွာေတာ့ သူမကို ေပြ့ဖက္ထားရင္း သူေမးမိတယ္။"ခ်စ္ ဒီေန့ ေပ်ာ္ရဲ့လား"
"ခရီးထြက္ခ်င္လား"
"M ႏိုင္ငံက ေရပူစမ္းက ေကာင္းတယ္လို႔ ေျပာၾကတယ္။ ခ်စ္သြားခ်င္လား။ အခုခ်ိန္ဆို ႏွင္းေတြလဲ က်ေလာက္ၿပီ"သူမက လွပစြာ ၿပံဳးၿပီး ခပ္တိုးတိုးေလး ျပန္ေျဖတယ္။
"အင္း၊ သြားခ်င္တယ္" တဲ့။စကားနည္းတဲ့ ဒီအမ်ိဳးသမီးေလးရဲ့ လိုအင္ဆႏၵေတြကို သူ ျဖၫ့္ဆည္းေပးမယ္။ အိုမင္းလာတဲ့အထိ ဒီအမ်ိဳးသမီးေလး သူ႔အနားကေန ထြက္မသြားေစရဘူး။
YOU ARE READING
Tracking Dealth Signs (Complete)
Short Storyဒီတစ်ခါတော့ သူမ ငါ့ကို တကယ် ထားသွားခဲ့ပြီ။ Both Unicode & Zawgyi