Strange <pt-02>

184 12 0
                                    

Mile's Pov..

"P'mile P'mile ထပါအုန်း"

ညသန်းခေါင်ကျော်ကြီး မှာ Apo က လှုပ်နိုးလို့ ကျတော် နိုးလာခဲ့တယ်..

"Po ဘာလို့.."
"ထအုန်း...p တို့ထွက်သွားမှရမယ်"
"Po..ဘာတွေ"
"ကျတော် ပြောတာပဲနားထောင်...ကျတော်တို့ ထွက်သွားမှ ရမယ်..သူက..."
"Po Po"

ပြောရင်း ရုတ်တရက် ရပ်သွားပြီး..စိုက်ကြည့်နေတဲ့ apo..

"Po!"
"ဟီး စတာ...ကြောက်သွားတာလား..."
"မရယ်ရဘူးနော် Po"
"စတာပါဆို...ကျတော် သန့်စင်ခန်းသွားအုန်းမယ်"

သူစပြီး သူပြန်စိတ်ဆိုးသွားတဲ့ Apo..
ကျတော် စိတ်ထဲမှာနေရခက်နေတယ်...သူ ပြောင်းလဲနေတယ်...အဲ့တာက ကျတော့်ကို လန်စေတယ်...

————————

Apo တစ်ယောက် သန့်စင်ခန်းထဲက မှန်ကို မျက်နှာချင်းဆိုင်ပြီး စိုက်ကြည့်နေတယ်...

"မင်း အဲ့လောက်လွယ်မယ်ထင်နေတာလား"
"မင်း ဘာလိုချင်နေတာလဲ"
သူ့ကိုယ်သူ စိုက်ကြည့်ပြီး တစ်ယောက်တည်း စကားတွေပြောနေတဲ့ Apo...

"အကြာကြီးနေမှ ဆော့စရာ ရတာ မင်းနားမလည်ပါဘူး"
"မင်းကို ငါမကြောက်ဘူး"
"ကြောက် သင့်တယ်..မင်းတို့အားလုံး..ငါဆော့လိုဝသွားရင် ဘာဖြစ်မလဲ မင်းကိုပြမယ်..ခုတော့ ပါးစပ်ပိတ်နေလိုက်"

မဲ့ပြုံ တစ်ခုနဲ့ ပြန်ထွက်သွားတဲ့ Apo ..မှန်ထဲက သူ့ပုံရိပ်ကတော့ကျန်နေတယ်...

———————————
The next morning....

"ဟေ့ လာကြည့်အုန်း ဒိမှာ ငှက်လေးတွေ"

Us က သူ့ရှာတွေ့ထားတဲ့ ငှက်လေးတွေကို အကုန်လုံးကိုခေါ်ပြတယ်...
အကုန်လုံးက ငှက်ပေါက်စလေးတွေကို အူယားနေကြတယ်..အထူးသဖြင့် အငယ်နှစ်ယောက်ပေါ့...

Apo လည်း ရုပ်သေကြီးနဲ့ လာကြည့်တယ်...
Apo ကိုမြင်တော့ အငယ်ဆုံးလေးက တန်း အခန်းထဲဝင်သွားတယ်..သူကြောက်နေတုန်းပဲ...Apo ကလည်း Code ကို သတ်ထားမိတော့..ပြုံးတယ်...မကောင်းတဲ့ အပြုံးတစ်ခု...
"ကဲ ကလေးတွေ ငှက်လေးတွေ သူတို့ဘာသာနေပါစေ"

P'Tong ရဲ့ စကားကြောင့် Bible က ငှက်တွေကို သစ်ပင်ပေါ်ပြန်တင်ပေးပြီး..အကုန်လုံး အိမ်ထဲကို ပြန်လာကြတယ်...Apo ကလွဲလို့ပေါ့...

Because of....Where stories live. Discover now