Bad Guy's Bad Boy

1.1K 96 0
                                    

(Unicode)

ခပ်ကြီးကြီးအိပ်ခန်းထဲက အိပ်ရာပြင်ကျယ်ကြီးပေါ်၌ ခြေချိတ်ကာ ထိုင်နေသော သက်လက်ပိုင်း အသက်၃၀အရွယ်အမျိုးသားတစ်ဦး။

တချက် ကြည့်လိုက်တာနဲ့ ချောလွန်းမြန်း သိသာသော ထိုမျက်နှာနှင့် အကြင်လူသည် ဘယ်လိုကြည့်ကြည့်လူဆိုးဟု မထင်ရက်စရာပေ။

ဒါပေမဲ့ သေချာကြည့်ပြန်တော့လဲ ထိုမျက်ဝန်းတွေက စူးရဲစွာနှင့် ဒေါသထွက်နေလျှင် တဖက်လူကို ကြောက်ဒူးတုန်စေနိုင်သည့် ကိုယ်ရည်သွေးလဲ ရှိပြန်သည်။

အမှောင်လောက ဖိတ်ဖိတ်တုန်တုန်အောင် ကြောက်ရသည့် နှစ်ယောက်မရှိသည့်ထိုလူ၏အမည်နာမမှာ အီသန်လီ။

အီသန်လီက လူဆိုးခေါင်းဆောင်တစ်ယောက်၊ တစ်နည်းပြောရရင် မာဖီယား ခေါင်းဆောင်တစ်ယောက်။ သူတို့လောကမှာတော့ အီသန်လီဆို မသိတဲ့လူမရှိ၊ နာမည်ကြားယုံနဲ့တင် ကြောက်ဒူးတုန်စေနိုင်သည်။ အီသန်လီက သွေးအေးရက်စက်လွန်းသည်။ ညှာတာမှုကင်းမဲ့ပြီး မာန်ဖီနေတဲ့သားရဲတစ်ကောင်အသွင်နှင့် အီသန်လီက သူတို့လောကမှာ ကျားရဲဟူသည့် နာမည်တွင်သည်အထိ။

ဘယ်သူ့ကိုမှ မညှာတာတတ်သည့် သူက ယခုတော့ မျက်စိရှေ့က မထုံတက်သေးပုံစံနှင့် စုပ်လုံးကိုဟန်ပါပါနှင့် စုပ်ပြီး တောင်ကြည့်မြောက်ကြည့်လုပ်ကာ ရပ်နေသည့် ထိုကောင်လေးနဲ့မှ လက်မြှောက်အရှုံးပေးနေရသည်။

"ဘေဘီ၊ ကိုကို မင်းကို ဘာပြောထားလဲ"

"ဘာကိုလဲ၊ ဘာမှလဲ မပြောထားပဲနဲ့"

"ဘေဘီ!"

တချက်အော်လိုက်မိပြန်တော့ သူ့ရှေ့က ကလေးသေးသေးလေးက တုန်တက်သွားသည်။ ပြီးနောက်မှ သူ့ကို မျက်စောင်းကလေးဝင့်ကာရယ်နဲ့ ဂျိုကျွေးလာပြန်သည်။

"ဘာလို့ လာအော်နေတာလဲ။ ကိုကိုကျတော့ ရန်ဖြစ်ချင်လွန်းလို့ ဂိုဏ်းခေါင်းဆောင်တောင် လုပ်နေပြီး ကျွန်တော့်ကျတော့ ရန်လေးနည်းနည်းဖြစ်တာကို လာပြောနေတယ်"

စူပုတ်ပုတ်နဲ့ တရစပ်ရေရွတ်ကာ ဟွန့် ဆိုပြီး စကားအဆုံးသတ်လိုက်သေးသည်။ တကယ်ပဲ ရန်ဖြစ်ချင်နေသောကလေးဆိုးလေး ဂျုံဆောင်းပါလေ။

Bad Guy's Bad BoyWhere stories live. Discover now