A Story 2

777 72 10
                                    

Unicode
.
.
.

တစ်ရေးနိုးလာတော့ ရှောင်းကျန့် လက်ကနာရီကိုကြည့်လိုက်တယ်။
နာရီလက်တံတို့ က ၅ ချက်ခွဲ ဘက်ကို ညွှန်ပြနေတယ်။

တစ်ရေးလောက်အိပ်စက်အနားယူလိုက်စေခြင်း က ပင်ပန်းမှုတွေလျော့ကျသွားစေတယ်။
ရေချိုးရန် သဘက်တစ်ထည် အိတ်ထဲက ထုတ်ယူပီး ရှောင်းကျန့် အခန်းပြင်ထွက်လာတယ်။

အရှေ့ခန်း က မှန်ရှေ့မှာ ဆံပင်ဖြီးနေတယ် ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ကောင်လေး က အနောက်ကိုလှည့်ကြည့်လာပီး ရှောင်းကျန့် ကိုခေါင်းငုံ့အရိုအသေပေးတယ်။

"နိုးပီလား သစ်တောဦးစီး
ကျွန်တော် က သစ်တောဦးစီး ကို ကူရမယ်​့ စာရေး စုန့်ကျိရန် ပါ ။"

"အင်း ကိုယ် ရေချိုးချင်လို့ "

"အာ... အနောက်က ဆင်းသွားလိုက် စဥ့်အိုးတွေ တွေ့လိမ့်မယ် အဲ့မှာခပ်ချိုးလိုက် အေးနေတာပဲ "

ရှောင်းကျန့် ခေါင်းငြိတ်ပြလိုက်ပီး စုန့်ကျိရန် ညွှန်ပြတဲ့ ဘက်ဆင်းလာလိုက်တယ်။
စုန့်ကျိရန်ပြောတဲ့အတိုင်း စဥ့်အိုး ၄ လုံးခန့်ရှိနေပီး ရေတွေအပြည့်ရှိနေတယ်။

စဥ့်အိုးတွေရဲ့ဘေးမှာ ငရုတ်သီးပင်တွေနှင့် မြက်ပင်အချို့ရှိနေတယ်။
အနောက်ဖက်တစ်ခြမ်းလုံးက တော့ သစ်တော ပဲ။
နေထိုးတဲ့ သစ်သားခုံလေးတစ်ခုပေါ်မှာ ရှောင်းကျန့် ဖိနပ်လေးကိုတွေ့ရတယ်။

ဖိနပ်လေးနဲ့အတူ မျက်ပေတုံးလေးတွေကိုတွေးမိတော့ ရှောင်းကျန့် နှခမ်းဖျားက အလိုလိုပြုံးသွားတယ်။

သစ်တောပြင်ကို ငေးရင်း ရှောင်းကျန့် အကျီ ချွတ်လိုက်တယ်။
ဘောင်းဘီပါချွတ်ပီး အောက်ခံဘောင်းဘီ နှင့်သာ ချိုးရန်ပြင်လိုက်တယ်။

စဥ့်အိုးထဲက ေရခွက်တစ်ခုကိုယူပီး ခပ်မြန်မြန်ပဲရေချိုးလိုက်တယ်။
အေးစိမ့်နေတဲ့ရေက ညောင်းညာကိုက်ခဲမှုကိုပြေသွားစေတယ်။

ယူလာတဲ့ သဘက်နဲ့ရေသုတ်ပီး ခါးမှာပတ်ကာ အပေါ်ပြန်တက်လာတယ်။
အရှေ့ခန်း မှာ စုန့်ကျိရန်နှင့်အတူ ဝမ်ဟောက်ရွှမ်း နှင့် ကောင်မလေး နှစ်ယောက်ထိုင်နေတာတွေ့လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jul 07, 2022 ⏰

Add this story to your Library to get notified about new parts!

A story Where stories live. Discover now