ကမ္ဘာ

268 6 0
                                    

အရပ်က ၆ပေတောင် ကျော်ချင်ကျော်အုံးမယ့် ထိုလူကြီးက အမြင်ကတ်စရာကောင်းပင်မဲ့ suit တို.နဲ.ဆို ဘာလိုက်သလဲမမေးနဲ. ။ခန့်ညားပြီးရုပ်ရည်နဲ.ပတ်သက်ပြီး အပြစ်ပြောစရာမရှိ ။
ရုပ်ရည်တင်မက စီးပွားရေးပိုင်မှာလည်း အပြစ်ဆိုလောက်စရာ နှမ်းတစေ့လောက်ရယ် မရှိ ။ အစအရာရာ တော်ပြီးထက်မြတ်တဲ့သူမို. ဘေးနားမှာဝဲပျံနေတဲ့ မိန်းမလှနေတွေဆိုတာကလည်း ထပ်တလဲလဲပင် ။

အိမ်တစ်ခါလာလည်ရင် တယောက်မဟုတ်တယောက်ပါလာတတ်ပြီး လာလည်တဲ့ အခေါက်တိုင်းကလည်း မမြင်မတွေ့ချင်စရာတွေဖြစ် အမြဲတွေ့ရတတ်သည်။ ငယ်စဥ်အရွယ်တုန်းက ဘာမှန်းမသိခဲ့ပင်မဲ့ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန် လာလည်ခဲ့စဥ်.... ။

အိုး..မပြောတော့ပါဘူး ။ ပြောရင်အဲ့မြင်ကွင်းပြန်မြင်ရတာ တကယ်ရှက်ဖို.ကောင်းလှသေးတယ် ။ တနေ့ကုန် ၊တညလုံး အိပ်မရအောင်အော်နေတဲ့ အဲ့အမျိူးသမီးအသံက အခုထိနားထဲကမထွက်သေး ။

ပြောရင်းကြက်သီးထတယ်.. 😬
ထမင်းစားခန်းထဲ မဝံမရဲ.ဝင်လာခဲ့ပြီး ထမင်းစားပွဲဝိုင်းမှာ ထိုင်နေသော ထိုလူကြီးမျက်နှာက တည်ကြည်ခန့်ညားလွန်းနေသည် ။ ဦးလေးလို.သာဆိုရသည် ။ အသက်က ခုမှဖြစ် ၃၀မပြည့်သေး ။

"hello bro... အဆင်ပြေရဲ.လား "

လူကြီးဆန်သလိုပုံစံနဲ. ရွယ်တူလိုစကားပြောနေပုံက အမြင်ကတ်စရာ ။ နွေဦး မျက်စောင်းကလေးထိုးရင်း ထမင်းပွဲဝိုင်းထဲ ဝင်ထိုင်လိုက်လေသည်။ မျက်စောင်းထိုးတာမြင်တဲ့အမေက ကိုယ်လည်းထိုင်ရော မျက်စောင်းထိုးရကောင်းလားဆိုပြီး ပေါင်ကြောအားဆွဲလိမ်းပြန်ရော...။

"အား...အမေ "

အဖေနဲ.ထိုလူကြီးကလည်း သိနေတော့ ဘာမှမပြောပဲရယ်စိစိရယ်။ နွေဦး လည်း.ငြင်းမနေတော့ပါ ။ အမေ့ရဲ. သတိပေးအကြည့်ကြောင့်ရှေ့ရှိကောဖီကိုသာ ဆက်သောက်နေတော့သည် ။
...............
ကျောင်းပိတ်ရက်လေးမို. အိမ်မှာအနားယူရမလား အောင်မေ့တယ် ။ ထိုလူကြီးအလုပ်က စတင်ရူပ်လာလေပြီး။ လာလည်တိုင်း သူ.သူငယ်ချင်းဆိုသူဆီ သွားလည်ရတာလည်း နှစ်တိုင်းပင် ။
လူကြီးမောင်းတဲ့ ကားကို ဘေးချင်းကပ်လျက် လိုက်စီးနေရသည်ကိုက စိတ်ထဲဘဝင်မကျစရာ ကောင်းသည်။
တိတ်ဆိတ်ငြိမ်သက်နေသော ဘေးကပ်လျက်က ချာတိတ်လေးကို ကမ္ဘာ ကားမောင်းရင်း အကဲခက်နေမိတော့သည်။ သူနဲ.အတူရှိချိန်တိုင်း ဖြစ်နေကျမျက်နှာမို. နေသာကျ နေပါပြီး ။

နွေဦး ကမ္ဘာ (u&z)Where stories live. Discover now