MURA, FORGET ME (NOT) -U-

1K 98 21
                                    

- 그댈 잊는다는건 어려운일이야 -
- မင်းကိုမေ့ပစ်တာက ခက်ခဲတဲ့အရာတစ်ခုပဲ-

(From the song "Forgetting you" by Davichi)

အဖြူရောင်လွင်လွင်ဆေးသုတ်ထားသည့် အခန်းငယ်ထဲတွင် ကျွန်းသားခုံလေးတစ်ခုရှိနေခဲ့သည်။ ထိုစားပွဲပေါ်တွင်တော့ ခြောက်ကပ်နေသော forget-me-not ပန်းတစ်ခိုင်၊ အဖြူရောင်လီလီ သုံးပွင့်ထိုးထားသည့် အပြာရောင်ဖန်အိုးရှည်တစ်အိုးနှင့် သစ်သားဘောင်ခတ်ထားသည့် ဓာတ်ပုံငယ်တစ်ပုံကနေရာယူထားပေသည်။ ဓာတ်ပုံထဲတွင်တော့ လက်စွပ်ဆင်တူဝတ်ဆင်ထားသည့် ဖြူဖြူဖွေးဖွေး လက်ကလေးနှစ်ဖက်၊ တစ်သက်လုံးမြဲမြံသွားမည့်အတိုင်း လှလှပပတွဲယှက်ထားခဲ့လေသည်။

"ရီခီ သွားရအောင်"

ဂျိတ်ခ်၏အပြောကြောင့် ရီခီတစ်ချက်ခေါင်းညိတ်ပြလိုက်ရင်း ဓာတ်ပုံလေးကိုပြုံးကြည့်ကာ ထိုအဖြူရောင်အခန်းလေးဆီမှ ထွက်လာခဲ့လိုက်သည်။

"ငါးနှစ်တောင်ရှိသွားပြီနော်"

"အင်း"

ကားပေါ်မှာ အန္တရာယ်ကင်းခါးပတ်ပတ်လိုက်ရင်း ရီခီ တုံ့ပြန်လိုက်မိသည်။ မျက်ဝန်းတို့တွင်တော့ မျက်ရည်စတို့ကစို့ချင်လာသယောင်မို့ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဂျိတ်ခ်မသိအောင် ဖုံးဖိလိုက်ရသည်။

"မင်္ဂလာနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါတယ် ရီခီ
ဒီနှစ်တော့ ပန်းမပြင်ဆင်ခဲ့ရပေမယ့် လောလောဆယ် ဂျောင်ဝန်းဆီကိုပဲ အရင်သွားကြတာပေါ့"

"ဟုတ်ပြီ ဟျောင်း၊ ကျေးဇူးပါ"

ဆိုးလ်မြို့၏လေထုကမနက်စောစောမို့ ငြိမ်သက်လျက်၊ သို့သော်ငြား နွေရာသီနှောင်းပိုင်းမို့ မိုးတိမ်မည်းတို့ကအုံ့မှိုင်းကာ ပြိုကျတော့မယောင် မကြည်မလင်ဖြစ်နေရှာပေသည်။ ရီခီ၏နှလုံးသားထဲတွင်လည်း ထိုကဲ့သို့ထပ်တူညီသောအခြေအနေမျိုးပင်၊ အမျိုးသားလေးကို တွေ့ဖို့ သွားရာလမ်းသည် ထင်သလောက် ပျော်စရာကောင်းမနေခဲ့ပါပေ။

ဘာလို့လဲဟူသော အကြောင်းအရင်းကိုသိရှိဖို့ရာတော့ လွန်ခဲ့သောငါးနှစ်ကိုပြန်သွားရပေမည်။

mura, forget me (not) • wonkiWhere stories live. Discover now