-Save Your Tears-

3.2K 166 16
                                    

"အဟွတ် ဟွတ်"

လီဆာ့ရဲ့ ဆေးလိပ်ငွေ့သီးသံက Clubရဲ့ သီချင်းသံတွေကြားကိုတော့ တိုးမပေါက်နိုင်ခဲ့ပါဘူး။

"သွား သွားတော့" တဲ့

နားထဲမှာ ပဲ့တင်ထပ်နေတဲ့ Janeရဲ့အသံတွေကို တစ်စက်မှ မကြားနိုင်လောက်အောင် သီချင်းသံတွေကို ကျယ်ပေးလို့ရမလား။
ဝီစကီလက်ကျန်ကို မော့ချပြီး ဖန်ခွက်ကို Bartenderကောင်လေးဆီ တရွတ်တိုက်တွန်းပို့ပြီးလက်ညိုးထောင်ပြတော့....

"အမ နောက်ထပ် ထပ်ယူရင် Taxiလိုမယ်ထင်တယ်"

"သေမှာစိုးနေလား ငါက သေချင်လို့သောက်နေတာ ကောင်လေးရ"

ဟုတ်တယ် ကျွန်မJaneမရှိတဲ့ရက်တွေနဲ့ နေသားမကျဘူး။ ကျွန်မJaneမရှိပဲ မရှင်ချင်ဘူး။
အဲ့လိုပြောရအောင်လဲ ထားခဲ့တဲ့သူက ကျွန်မလေ။
ကျွန်မက Janeကိုထားခဲ့တာ။

ဆက်ဆံရေးတစ်ခု ပြတ်စဲသွားတဲ့အခါ လမ်းအခွဲခံရတဲ့သူကပဲ နာကျင်ရမယ်ထင်လား။

ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့သူ မကြိုက်တဲ့အမှားတစ်ခုကိုပဲ ထပ်ခါထပ်ခါ လုပ်မိတဲ့အခါ၊
ကိုယ့်ကြောင့် ကိုယ်အသက်လောက်မြတ်နိုးရတဲ့သူ ပင်ပန်းနေတဲ့အခါ၊
ကိုယ်ချစ်ရသူရဲ့ အပြုံးတွေဟာ ကိုယ့်ကြောင့်မဖြစ်တည်လာတဲ့အခါ၊
ကိုယ့်က ချစ်ရတဲ့သူကို မပျော်အောင်ပဲလုပ်နေမိတယ်ဆိုတဲ့ ဒီအတွေးတွေရဲ့ ပိတ်လောင်မှုဟာ
ငရဲထက်ဆိုးတယ်။

တစ်လ၊
တစ်လရှိပြီ Janeနဲ့ဝေးပြီး လျောက်ရတဲ့ Lisaလမ်းတွေက အကုန်ကန္တာရပဲ ဘာ အိုအေစစ်မှမရှိဘူး။
Clubထဲမှာ The Weekend ရဲ့ Save Your Tearsသီချင်းပျံ့လွင့်နေတယ်။

"အဟက် ဒီသောက်သီချင်းမြူးမြူးကြီးက ဘာလို့ ငိုစရာကောင်းနေလဲ"

Lisa မျက်ရည်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းပွတ်ဆွဲပစ်ပြီးနောက် ကောင်တာပေါ်
ပိုက်ဆံတင်ပြီး Barထဲကထွက်လာတယ်။

ကျွန်မဆေးလိပ်တွေ မသောက်တတ်ဘူး။ အရက်တွေရောပါပဲ။ ဒါမယ့် ဘာလို့သောက်နေမှန်းလဲ မသိဘူး။ အမဲရောင် Floralဂါဝန်တိုတိုလေးဝတ်ထားတယ်။ Janeသဝန်တိုတာတွေက်ု သဘောကျတယ်။ Jane ကြိုက်တဲ့ ခပ်နွေးနွေးအနံ့နဲ့ ရေမွှေးလေးတွေ ဆွတ်တယ်။

Save Your Tears (18+)Where stories live. Discover now