Part 16

4.8K 692 20
                                    

"ပြန်တော့မှာလား CEO Wang"

"အင်း။ပါးကို ဆေးရုံပို့ရဉီးမှာမလို့"

ခေါင်းတညိတ်ညိတ်နှင့် အတွင်းရေးမှူး၏
မျက်လုံးတို့ အောက်စိုက်သွားပုံကို ကြည့်ရင်း
သူမမှာ ပြောစရာ တစ်ခုခုရှိနေမှန်း ရိပေါ်
တန်းသိလိုက်သည်။အပေါ်ထပ်ကို ကောက်ဝတ်
လိုက်ရင်းမှ သူမအား

"ပြောစရာရှိလို့လား"

"အာ...အဲ့တာက။ရှယ်ယာရှင် ရှောင်းကျန့်က
CEOကို ညစာစားဖိတ်ချင်တယ်ဆိုပြီး
ပြောထားလို့။အဲ့တာကြောင့် CEOအားရဲ့လား မေးကြည့်တာ။"

အထူးအဆန်းတွေ လူသိရှင်ကြား လုပ်ပြနေသည့်
ရှောင်းကျန့်က သူနှင့်ရိပေါ်၏ ဆက်ဆံရေးသည်
သူစိမ်းတွေအဖြစ်ကနေ အလွန်ရင်းနှီးသွားသော
စီးပွားရေးလုပ်ငန်းရှင်နှစ်ယောက် ဖြစ်သွားရ
ပါသည် ဟူသော ခေါင်းစဉ်အား ဖန်တီး
နေသည်မှာ သေချာ၏။

"မအားဘူးလို့ပြောလိုက်ပါ။ကိုယ် ညကြ ပါးနဲ့
အတူတူရှိနေပေးမှာဆိုတော့.."

"ဟုတ်ကဲ့"

သူတို့နှစ်ယောက်လုံး ရုံးခန်းထဲမှ ထွက်ဖို့ပြင်လိုက်စဉ်မှာပင် ရုံးခန်းတံခါးလေးက ရုတ်တရက်
ပွင့်ဟလာသည်။ခွင့်မတောင်းပါဘဲ ဇွတ်ဝင်လာသည့် ရှောင်းကျန့်ကိုကြည့်ရင်း အတွင်းရေးမှူး
ကောင်မလေးကလည်း ကြောင်စီစီလေးနှင့်
ငေးကြည့်နေ၏။

အတင်းလုပ်ယူကာ ပြုံးယောင်သန်းသည့်
မျက်နှာထား ဖမ်းနေသည့် ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ် ထ မရယ်မိအောင် တင်းခံထားရသည်။သူပဲ ရိပေါ်ကို သူစိမ်းတစ်ယောက်လို
ပုံစံမျိုး အတင်းဖမ်းပြီး သူပဲ ပိုင်စိုးပိုင်နင်းတွေ
ဇွတ်လုပ်နေတာက နည်းနည်းတော့
မဟုတ်သေးပေ။

တစ်ခါတစ်လေတော့လည်း ရှောင်းကျန့်ကို
သိစေချင်သည်။ကလေးစိတ်နှင့် လူတွေက
ဆိုးပဲ ဆိုးနိုင်ပြီး မကောင်းတဲ့စိတ်တွေ
မမွေးတတ်ဘူး ဆိုတာကိုပေါ့။

"CEO ဝမ်က မအားဘူးလား။ကျွန်တော်က
ညစာစားဖို့ ဖိတ်ချင်နေတာ"

အခန်းပြင်ကနေ ခိုးနားထောင်နေတာ ကြာပြီ
ဖြစ်ကြောင်းအား ရိပေါ်မမေးပါဘဲ သူ့ဘာသာ
ဖြေသည်။အသည်းယားဖို့တော့ အတော်ကောင်း
နေပြီ။

831(Completed)Where stories live. Discover now