Myat Wun

1.7K 95 4
                                    

"ကျွန်မသူ့ကို ကြည့်နေမိတာကြာပြီ။သူ ကျွန်မကိုတော့ မြင်လောက်မယ်မထင်ဘူး။ကျွန်မ သူမရဲ့သွင်ပြင်ကို မိတ္တူကူးသလို မျက်လုံးနဲ့ဖမ်းယူနေမိတယ်။ဒီနေ့ဆို ကျွန်မ သူမကိုချစ်မိခဲ့တာ ၂၇၃ရက်ရှိပြီ။သူမ ကြိုက်လောက်မယ်လို့ထင်တဲ့ စက္ကူကြယ်လေးတွေကို တစ်နေ့ငါးပွင့်ဆီ ခေါက်တယ်။"
(သံသာသွေး)

"သူ ကျွန်မကို ကြည့်နေတာ ကြာပြီ။ညနေတိုင်း ကျောင်းမဆင်းခင် ၄၅မိနစ်လောက်ထဲက ဟိုဘက်အခန်းကနေ ကျွန်မစာသင်တဲ့အခန်းကိုနေ့တိုင်း ကြည့်နေတော့တာပဲ။သူမက ဆယ်တန်းဆိုတာကို မေ့နေတာလား။"
(ဒေါ်ခက်ခက်ညို)

ချယ်ရီ-အမေမွေးတုန်းကတော့အကောင်း စာသင်နေတာကိုတောင် မကြည့်နိုင်ပဲ စွေစောင်းပြီး ဟိုဘက်အခန်းကို ကြည့်နေတာ၊ဘယ်အချိန် မျက်စိနှစ်လုံး ပြုတ်ထွက်မလဲမသိ။
(ချယ်ရီသည် သူငယ်ချင်းဖြစ်သူ သံသာသွေးအားပြောနေခြင်းဖြစ်သည်။)
သံသာသွေး-အမယ်လေး နင်ကလည်း အဲ့တာကိုအလှအပခံစားတယ်လို့ ခေါ်တယ် စာသင်ပြီးရင် ကြည့်တဲ့ရှုခင်းပေါ့ဟယ်။
ချယ်ရီ-အေး နင်သာရူးနေလိုက်တော့။
ငါလည်းရူးလိုက်ဦးမယ် ဒေါ်စိမ်းမြကို ဟဲဟဲ။
သံသာသွေး-အေး နှာဘူးမ။
၄၅မိနစ်လုံးလုံး သူငယ်ချင်းနှစ်ယောက်သည် သက်ဆိုင်ရာ ဆရာမနှစ်ယောက်ကို ငေးနေပေတော့သည်။ဒေါ်စိမ်းမြမှာလည်း ရှက်သွေးဖြာနေတော့သည်။ဒေါ်ခက်ခက်ညိုသည်လည်း သံသာသွေး၏ မျက်လုံးအောက်က မလွတ်နိုင်သည်ကိုသိ၍ သူမ မြင်စေရန် အပေါက်ဝတွင်သာ ရပ်၍ စာသင်နေပေသည်။
(‌ဒေါ်ခက်ခက်ညိုတို့ ချစ်တတ်လိုက်ပုံများ T_T)
သူမတို့လေးယောက်လုံးတွင် ဖော်မပြနိုင်သော စိတ်ဆန္ဒတို့ရှိနေပြီဖြစ်သည်။

နောက်တစ်ရက်........
သံသာသွေး-ဟာ ဒီနေ့က သောကြာနေ့ကြီးပဲ။ငါကျောင်းမပိတ်ချင်ဘူးးး။
ချယ်ရီ-ငါရောပဲဟာ။
သံသာသွေးနှင့် ချယ်ရီတို့သည် ကျောင်းပေါက်ဝမရောက်ခင် မုန့်စားရင်း စကားပြောနေကြခြင်းဖြစ်သည်။ထိုစဉ်-
ချယ်ရီ-ဟဲ့ ဟဲ့ ငါ့ရဲ့မူပိုင်‌လေးလာပြီ။ငါသွားလိုက်ဦးမယ်။နင်စားပြီးလာခဲ့လိုက်။
သံသာသွေး-အေး ကြွ ကြွ။
သံသာသွေး ကျောင်းသို့ဝင်ချိန်တွင် လူတော်တော်ရှင်းနေပြီဖြစ်သည်။ဂိတ်စောင့်ဆရာမ တစ်ယောက်သာ ကျန်တော့သည်။
*ဟာ အဲ့ဆရာမက ငါ့ ငါ့ဆရာမပဲ။သူပင်ပန်းနေလောက်ပြီ။ဘာမုန့်ဝယ်သွားရင် ကောင်းမလဲ။*
သံသာသွေး တွေးနေခြင်းဖြစ်သည်။ထို့နောက်-
"ဘုတ်"
ဆရာမ-ဟင်။
ဆရာမက သံသာသွေးကို မော့ကြည့်လာတယ်။သွေးကလည်း ဆရာမကို ငုံ့ကြည့်လိုက်တယ်။
အကြည့်ချင်းဆုံသွားတဲ့အခါမှာ သီချင်းတစ်ပုဒ်ကိုယဲ့ယဲ့လေး ကြားလာရတယ်။ထိုသီချင်းလေးက.....
"ကျိန်စာလား ရပ်မသွားတဲ့.....ခံစားချက်ပေါင်းများစွာနဲ့....နူးညံ့တဲ့မျက်ဝန်းတစ်စုံ.....မင်းချန်ခဲ့....
မူမပိုင်တဲ့ မျက်ဝန်းအတွက်....ကြိတ်ပြီး ရူးခဲ့ရပေမယ့်....နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေ တွေးပူနေ....
ဟန်မဆောင်တဲ့ အချစ်တွေနဲ့...."
"ဝုန်း"
သီချင်းသံကို ဆက်ပြီးနားထောင်နေတုန်းမှာပဲ သွေးတစ်ယောက် ဂိတ်တံခါး နံရံကို တိုက်မိပြီး ထွက်ပြေးသွားခဲ့သည်။
နောက်တော့ တစ်ယောက်နဲ့တစ်ယောက် မမြင်နိုင်တဲ့ နေရာကနေ ရင်ဘတ်လေးကို ဖိပြီး"ဒါက အချစ်များလား"ဆိုပြီး တွေးနေမိကြတယ်။
‌ဒီနေ့မှာ ဆရာမကို နှစ်ခါတောင် တွေ့ခဲ့ရတာပဲ။တွေးရင်း ပြုံးနေမိတယ်။ပထမတစ်ခါက ဂိတ်ဝမှာ ဒုတိယတစ်ခါက.......
(စာဖတ်သူတို့ကို မပြောပြပါဘူး🙂)
><><><><><><><><><><><><
ဆယ်တန်းပြီးခဲ့ပြီ။သွေးနဲ့ဆရာမတို့ ငါးခါတိတိ ဆုံခဲ့ကြတယ်။စကားတော့မပြောခဲ့ကြဘူး။မျက်ဝန်းတွေပဲ တွေ့ဆုံခဲ့တယ်။နောက်ဆုံးတွေ့တုန်းကတော့ လူတွေအကုန် သိပြီး ဗြောင်းဆန်သွားတယ်။အဖြစ်က ဒီလို......
ချယ်ရီ-အာ ကျောင်းပိတ်တော့မှာပဲ။
သံသာသွေး-သူမ နဲ့မတွေ့ရတော့ဘူးဟာ။
ချယ်ရီ-ငါတို့ရောပဲဟာ။
သံသာသွေး-ဟမ် နင်တို့ရောပဲ ဆိုတော့။‌ဆရာမဒေါ်စိမ်းမြအေး နဲ့နင် နဲ့က။ ဟဲ့ချယ်ရီ နင့်ပုံစံက မဟုတ်သေးဘူးနော်။တစ်ကယ်ကြီးလား။(မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးနေခြင်း)
ချယ်ရီ-ငါ ‌ဖွင့်ပဲပြောရသေးတာပါဟယ်။
သံသာသွေး- အားကျလိုက်တာ သူများတွေကိုများ။
ဒေါ်ခက်ခက်ညိုကတော့ တစ်ခါလေး အပြင်မှာတွေ့ဖို့မလွယ်ဘူးဟေ့။(အော်ပြောလိုက်ခြင်း)
ထိုစဉ် တစ်တန်းလုံးက ကျောင်းသားကျောင်းသူများ လှည့်လာပြီး လက်ခုပ်တီးကြတော့သည်။
ချယ်ရီ-ဟဲ့ နင်က တိုးတိုးမပြောဘူး။
‌သံသာသွေး-နင် တားပါ့လား ငါ့ကို။အခုတော့ သိကုန်ပြီ။
စာတော်တဲ့ ကျောင်းသူဖြစ်သည့်အလျောက် ယခုလိုသိသွားသည့်အခါ ဆယ့်ငါးမိနစ်အတွင်းတွင် တစ်ကျောင်းလုံး သိသွားတော့သည်။
သံသာသွေး-ဟဲ့ ဆရာမ မသိလောက်သေးပါဘူးနော်။
ချယ်ရီ-ဟဲ့ မသိစရာအကြောင်းရှိမလား။နားနေခန်းထဲကနေ‌‌ေတာ့ ထွက်မလာသေးဘူး အခုထက်ထိ။
သံသာသွေး-အားးးး ငါသေလိုက်ချင်တယ်။
ထို့နောက် ဆရာမ အခန်းထဲရောက်လာခဲ့တယ်။
ဆရာမ-ကဲ ကလေးတို့ရေ။ဆရာမကတော့ ဒီကျောင်းရဲ့ ဆရာမတစ်ယောက်ပါ။မင်းတို့ကတော့ ဆရာမကို သိလောက်မယ်မထင်ပါဘူးကွယ်။
All students-သိပါတယ် ဆရာမကို။
ဆရာမ-ဆရာမကို ဘယ်လိုသိကြတာလဲ။
All students-ဒီလိုပါပဲ ဆရာမ ဟဲဟဲ။
အတန်းခေါင်းဆောင်-ဆရာမ။
ဆရာမ-ရှင့်။
အတန်းခေါင်းဆောင်-အချိန်ရရင် ခဏလောက်ထိုင်ပေးလို့ ရမလား။
ဆရာမ-ဪ ရတယ်။
ဆရာမ ထိုင်ခုံမှာ ထိုင်လိုက်သည်။
ထို့နောက်-
အတန်းခေါင်းဆောင်-ဆရာမကို ဒီအခန်းရဲ့ popular တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သူက ဆရာမအတွက် သီချင်းတစ်ပုဒ်ကို ဆိုပြပေးပါလိမ့်မယ်။
ဆရာမ အနည်းငယ်ပြုံးလိုက်သည်။
ဆရာမ-ကဲ အဲ့တာဘယ်သူလဲကွဲ့။
အတန်းခေါင်းဆောင်-အဲ့တာကတော့ ဒီကျောင်းရဲ့ မြန်မာစာနဲ့ပက်သက်ပြီး ကျောင်းဂုဏ်ဆောင် သံသာသွေးပဲ ဖြစ်ပါတယ်။
အကုန်လုံးက လက်ခုပ်တီးပေးကြသည်။
ချယ်ရီ-ဟဲ့ သံသာသွေး နင့်ဖင်ကို ကော်ကပ်ထားတာလား။ထ ထ။
ချယ်ရီတွန်းအားပေးလိုက်တာကြောင့် သံသာသွေး ထလိုက်သည်။
သံသာသွေးထပြီး ဆရာမကို ပြုံးပြလိုက်သည်။
အတန်းခေါင်းဆောင်-ဆရာမ သူ့ကို သိပါသလား။
ဒေါ်ခက်ခက်ညို-သိတာပေါ့ကွဲ့။ကျောင်း ဂုဏ် ဆောင် ကြီး ကို။
တစ်လုံးချင်းပြောနေပုံထောက်တော့ တစ်တန်းလုံးက ပြုံးစိစိ။
အတန်းခေါင်းဆောင်-သံသာသွေးက တစ်တန်းလုံးရဲ့ စာအတော်ဆုံးကြီးပါ။ကျွန်တော်တို့ ဒီမှာရှိတဲ့အယောက် ၈၀လုံးက သူငယ်တန်းတည်းက သူငယ်ချင်းတွေပါ။ဆိုတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးနှစ်ကြီးမှာ သံသာသွေးရဲ့အချစ်ရေးက ဒီနေ့မှာ ပေါ်ပေါက်လာပါတယ်။အချစ်ရဲ့ခေါင်းစဉ်ကတော့ မျက်ဝန်းတဲ့။သီချင်းနာမည်ကတော့.....
"မျက်လုံးချင်းစကားပြောနေပြီ။"
တစ်တန်းလုံး‌အော်လိုက်တာကြောင့် ‌အနေခက်သွားသူများကတော့ ဒေါ်ခက်ခက်ညိုနှင့် သံသာသွေးတို့ နှစ်ယောက်လုံးပင်။
သံသာသွေးက အလိုက်သိသူပီပီ...
သံသာသွေး-စဆိုလိုက်တော့မယ်နော်။
အတန်းခေါင်းဆောင်-ရှေ့ကို ကြွပေးပါ သံသာသွေးရေ။ မဆိုနဲ့ဦး ငါတို့ဆရာမကို သွားခေါ်လိုက်ဦးမယ်။
ဒေါ်စိမ်းမြလည်း ရောက်လာပြီဖြစ်သည်။ဆရာမဒေါ်စိမ်းမြတော့ လွတ်နေတဲ့ သံသာသွေးခုံမှာထိုင်သတဲ့။ဒါပေမယ့် အမှားကြီးမှားပြီလို့ သူမတွေးလိုက်မိသည်။အဘယ်ကြောင့်ဆိုသော် လက်ရဲဇက်ရဲ ချယ်ရီက ဆရာမလက်ကို ကိုင်ထားပြီဖြစ်သည်။

Myat WunWhere stories live. Discover now