🤎🤍

497 56 4
                                    


ဒီနေ့... ။

စတွဲခဲ့တဲ့ အချိန်ကတည်းက အခုထိ နှစ်ယောက်လုံး ပုံစံအမျိုးမျိုးနဲ့ စဥ်းစားပြီး စိတ်ကူးယဥ်ကြည့်ခဲ့ကြပေမယ့် တကယ်တမ်းကြုံရတော့ ခြေဖျားလက်ဖျားတွေ အေးနေရုံမက အာခေါင်တွေပါ ခြောက်လာသလို ခံစားနေရသည် ။

'' ဖွင့်ပြောတဲ့အချိန်တော့ နှစ်ယောက်လုံး အတူသွားတာ ပိုကောင်းမယ်ထင်တယ်မောင်...သူစိမ်းတစ်ယောက်ရှေ့မှာဆိုရင်တော့ အန်တီတို့ သိပ်ပီးပြောမယ်မထင်ပါဘူး ''

'' ဟင့်အင်း မောင့်အိမ်ကို မောင်ဘဲ ရင်ဆိုင်မယ်...အိမ်အကြောင်းကို မောင်က အသိဆုံးမို့ ပထမဆုံးအချိန်မှာ အစ်မကို ခေါ်မသွားချင်ဘူး ''

နှစ်ယောက်လုံး ပြောခဲ့ဖူးတဲ့စကားတွေကို ပြန်ကြားယောင်ရင်း စိတ်နည်းနည်းအေးသွားအောင် အသက်ကို မျှဥ်းပြီး ရှူလိုက်ရင် လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိသည် ။ လူကြီးတွေစကားဝိုင်းဘက်ကို ကြည့်လိုက်တော့ အဖေနဲ့အမေအပြင် အန်တီလေးပါ ရှိနေတာကြောင့် ပိုပြီးစိတ်လေ၏ ။

ရှက်စရာကောင်းတဲ့ဖြစ်တည်မှုလို့ တစ်စက်ကလေးတောင် မတွေးမိပေမယ့် ဒီလိုကိစ္စမျိုးကို ကြားဖူးရုံလေးသာ သိကြတဲ့ ရှေးလူကြီးတွေကို ဝန်ခံရမှာဆိုတော့ နည်းနည်းတုန်လှုပ်မိတယ်ဆိုတာ မထူးဆန်းဘူးမလား ။

'' အမေ ''

အားတင်းပြီး ခေါ်လိုက်ပေမယ့် အသံကလည်ချောင်းဝကနေ ခပ်တိုးတိုးလေးသာ ထွက်လာသည် ။ ကိုယ့်ကိုယ်ကိုပြန်ပြီး မချင့်မရဲဖြစ်သွားမိရင်း နောက်တစ်ကြိမ်ထပ်ခေါ်လိုက်မှ အမေတို့က စကားပြောနေရာကနေ လှည့်ကြည့်လာသည် ။

'' လာလေ ထိုင်လေ... ဘာလို့ တောင့်တောင့်ကြီးရပ်နေတာလဲ ''

အမေက ပြုံးပြုံးနဲ့ခေါ်ပေမယ့် ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မပြုံးနိုင်သေး ။ အဖေနဲ့ အမေဘေးက ခုံလေးမှာ ကျုံ့ကျုံ့လေးဝင်ပြီး ထိုင်လိုက်ရသည် ။

'' သမီးမှာ...   ရည်းစားရှိနေပြီ ''

'' ရည်းစားရှိတာများ ဘာဆန်းတုန်း အငယ်မဆို ဟိုးအရင်ကတည်းက ထားနေတာဘဲ ''

Everything For You Where stories live. Discover now