• Dream 7 •

24 6 10
                                    

-Dandelions-

ဒုဓလီပန်းခင်းကြီးကို မျက်နှာမူရင်း အုတ်ခုံလေး၌ထိုင်ကာ ပန်းတွေရဲ့အလှအပကို ခံစားနေမိသည် ။

ဆောင်းဝင်လာပြီဖြစ်တဲ့အတွက် ပန်းခင်းကြီးကို ဖြတ်တိုက်သည့် လေတချို့မှာ အေးစိမ့်လို့လာခဲ့ပြီ ။

ယင်းအေးစိမ့်စိမ့်လေညင်းလေးတွေ ရိုက်ခတ်သွားတဲ့အခါ သဘောကျလွန်းလို့ နှုတ်ခမ်းပါးထက်၌လည်း အပြုံးပန်းကို ဆင်မြန်းထားသေးသည် ။ Jimin မှာ အထိအခိုက်ပင် မခံနိုင်သယောင် နှာဖျားလေးတွေကလည်း နီရဲသေးတာ။

ထိုစဉ် သူ၏‌ ကျောပြင်မှာ နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည် ။

“ ကိုယ်မင်းကို သဘောကျတယ် Jimin ”

ကြားလိုက်ရတဲ့စကားသံကို မယုံကြည်နိုင်စွာ လှည့်ကြည့်‌လိုက်တော့ Jimin ၏မျက်နှာနှင့် နီးကပ်စွာရှိနေသည့် Yoongi ။ Jimin ၏ကိုယ်ကိုလည်း နောက်ကျောမှ တင်းကြပ်စွာဖက်ထားသေးသည် ။

“ ချစ်တယ် ကိုယ့်ကောင်လေး! ”

နောက်ပါးကနေ ထပ်မံ၍ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင်စွာ နောက်လှည့်ကြည့်မိတော့ နမ်းရန်ပြင်နေသည့် Yoongi။ထို့‌နောက် Jiminမှာမငြင်းဆန်နိုင်ဘဲ ထိုအနမ်းအား လက်ခံရန် မျက်စိအစုံအား နူးညံ့စွာ မှိတ်လိုက်မိချိန်.....

“ Yoongi! ”

ပျောက်ကွယ်သွားသည်မှာ တစ်ခဏချင်း။ တကယ်တော့ Jiminမှာ အိပ်မက်ယောင်၍ လန့်နိုးခြင်းဖြစ်သည်။

“ မင်းအရူးပဲ Park Jimin! ”

ကိုယ့်ခံစားချက်ကို အပြင်မှာ ထုတ်ဖော်၍မပြနိုင်တော့ အိပ်မက်ထဲထိပါ လာရောက်နှိပ်စက်သွားသော Min Yoongi ပါပင် ။

............

“ ဒါက ဘယ်သွားဦးမှာလဲ ”

ကားသော့ကို လက်ညိုးဖြင့်လှည့်ရင်း နောက်ပါးမှ စကားသံကို လျစ်လျူရှုသည်။

ခွမ်း!!!

Jimin ရဲ့အနီးက နံရံပေါ် ရိုက်ခတ်သွားတဲ့ ကြွေပန်းအိုး အပိုင်းအစတွေ။

“ မင်းငါ့ကို စောက်ဂရုမစိုက်သလို လာမလုပ်နဲ့!”

ကျွန်တော့်ကိုရော ဂရုစိုက်လို့လား ဟုပြန်ပြောချင်ပေမဲ့ ကိုယ့်စိတ်ကိုယ်သာ အမြန်ဆုံးပြန်ထိန်းလိုက်သည်။

✔︎•𝘿𝙖𝙣𝙙𝙚𝙡𝙞𝙤𝙣𝙨•✔︎ |-Mini Story-|Where stories live. Discover now