ပင်လယ်ပြာမှရသောနောင်တ
(Yizhan) (oneshort)အချိန်ကား နွေဦးရာသီ၏ မနက်ခင်းတစ်ခု။ ပွင့်လင်းသော ရာသီဥတုကြောင့် Wang Yi Bo တစ်ယောက် စိတ်ပြေလက်ပျောက်ဖြစ်ရန် ပင်လယ်ကမ်းခြေသို့ ထွက်လာခဲ့သည်
ပင်လယ်ကမ်းခြေသည် Wang Yi Bo ၏အိမ်နှင့် သုံးမိုင်သာသာမျှ ဝေးပါသည်။ ရာသီဥတုသာယာသော နေ့တိုင်း စက်ဘီးတစ်စီးနှင့် သွားရောက်လေ့ရှိသည်
ယခုလည်း ချမ်းအေးသော ရာသီကို ကုန်လွန်ကာ နွေဦးပေါက်လာပြီမို့ ဘဝအမောများကို ခေတ္တ ဖြေဖျောက်ရန် ကြိုးစားရင်း သူစီးနေကြ ချေးတက်နေသော စက်ဘီးစုတ်ကလေးကို အားကိုးပြီး ပင်လယ်ဘက်သို့ ဆင်းလာခဲ့သည်။
စက်ဘီးကို ထားနေကျ နေရာမှာ ထားခဲ့၍ ဖြူလွနေသော သောင်ပြင်ပေါ်တွင် ရိပေါ် လမ်းဆင်းလျှောက်ခဲ့သည်။
တစ်နေရာရောက်တော့ ပင်လယ်ပြင်ကြီးနှင့် အရောင်တူသည့် ပြာနုရောင် အင်္ကျီလေး ဝတ်ဆင်ထားသော ကောင်လေး ဆော့ကစားရာ ကျောက်ဆောင်များအနီး နေရာတစ်ခုကို လှမ်းမြင်လိုက်ရသည်။
YiBo ထိုကောင်လေး သဲအစိုများကို ခြေဖမိုးပေါ် ဖုံးဖိ၍ သဲလှိုဏ်ဂူ လုပ်တမ်းကစားနေသည်ကို ငေးမောကြည့်ရှုနေမိသည်။
တစ်ချက်တစ်ချက် သဘောကျလို့ ရယ်လိုက်ရင် ထွက်လာတတ်တဲ့ ယုန်သွားလေးတွေကလည်း တစ်မျိုးလေး ဆွဲဆောင်နေသေးတာကိုး။
ခဏနေတော့ လူတစ်ယောက် သူ့ကို ကြည့်နေတာ သတိထားမိသည်နှင့်တူသည်။ ရိပေါ်ကို ဆက်ခနဲမော့ကြည့်ကာ ထိုကောင်လေးက လှိုက်လှိုက်လှဲလှဲ ပြုံး၍ နှုတ်ဆက်ပါသည်။ YiBoလည်း မပြုံးချင် ပြုံးချင်နှင့် ပြန်ပြုံးပြလိုက်ရသည်
"မိတ်ဆွေကြီး ခင်ဗျားက မြို့ပေါ်က ဧည့်သည် ဖြစ်ပါသလား?"
YiBoက ပင်လယ်ကြီးကို မျှော်ကြည့်နေရာကနေ ထိုကောင်လေးဘက်လှည့်၍ ခေါင်းညိတ်ပြလိုက်ပါသည်။
ထိုကောင်လေးသည် ခြေဖမိုးပေါ်သို့ ဖုံးဖိထားသော သဲစိုစိုများထဲမှ သူ၏ ခြေထောက်ကို ခပ်ဖွဖွ ဆွဲနုတ်လိုက်ရင်း
"ဝယ့်..ကျွန်တော်နဲ့ သဲလှိုဏ်ဂူလုပ်တမ်း လာကစားပါလား.."
"ကလေးကလားတွေ!.."