2005ခုနှစ် ဩဂတ်စ် 15ရက်မိုးတွေသည်းသည်။
တစ်ခါမှ သည်လောက်မသည်းဖူးခဲ့သလိုပါပဲ။ဂန္ဓမာ အဖြူတွေ ဟာ အစည်းလိုက်၊အခွေလိုက် သူ့ရှေ့က ဓာတ်ပုံငယ်ကို ဝိုင်း၍ ချထားသည်။
နမ်ဂျွန်း လက်ထဲတွင် ဆူးအပြည့်နဲ့နှင်းဆီဖြူ တစ်ပွင့်ကို တင်းတင်းကိုင်ထားလျှက် ထိုဓာတ်ပုံရှင်အား စိမ်းစိမ်းကြီး စိုက်ကြည့်နေပြီး
မျက်၀န်းထဲမှာ မုန်တီးမှုလော၊ ရန်လိုမှုလော ၊ကြေကွဲခြင်းလော မသဲကွဲသော အရိပ်တွေဟာ အငြိမ်မနေပဲ ဖြတ်ပြေးနေသည်။နှင်းဆီဆူးတို့၏ လက်ကိုဖောက်ထွက်မှုမှာ သွေးစတွေက တစ်စက်ပြီး တစ်စက် လက်များကြားမှာ စိမ့်ထွက်လာသော မမှု။
" ဖယ်စမ်း!! မင်းက ဘယ်လိုမျက်နှာနဲ့များ ဒီကို "
အနက်ရောင် အနက်တိုင်း ၀တ်စုံကို ၀တ်ထားတဲ့ လူရွယ်တစ်ယောက်က နွမ်းနယ်ဟန်ပေါက်နေပေမယ့် နမ်ဂျွန်းကို တွေ့တော့ အထိန်းအကွပ်မဲ့သွားသလို သူ့အား ဖေးမထားသော နောက်ထပ်လူငယ် တစ်ဦးဆီမှ ရုန်းကာ ပြေးထိုးသည်။
" ငါ့ အစ်ကိုသေရတာ မင်းကြောင့်။
သူသေရတာ မင်းကြောင့် "" ထယ်ယောင်း...ထယ်ယောင်း "
ဘေးမှ လူငယ်က အစက၀င်မဆွဲပဲ ရပ်ကြည့်နေသေးရာကနေ ထယ်ယောင်းတစ်ယောက် အတော်လေး စိတ်လွတ်နေသည့်ပုံပေါက်တော့မှ ၀င်၍ ဆွဲကာ သိုင်းချုပ်ထားသည်။
ထယ်ယောင်း၏မျက်ရည်တွေလား၊ နမ်ဂျွန်း၏ မျက်ရည်တွေလား မသေမချာ....
ပူနွေးသော အရည်တစ်ချို့က သူ့မျက်နှာပဲ ပြန့်ကျဲ နေတာကို ခံစား၍ ရနေသည်။" အစ်ကို နမ်ဂျွန်း ခင်ဗျား ပြန်တာ ကောင်းပါလိမ့်မယ် "
၀င်ပြောသော ဘေးစကားတွေဟာလည်း သူ့နားထဲ မရောက်တော့။
လူဟာ လေဟာနယ်ထဲ ရောက်သလိုကို ထုံပေနေတော့သည်။" ငါ့ကို လွှတ်စမ်း။ မင်းက သူ့အချစ်နဲ့ မတန်တဲ့လူ...ငါ့ အစ်ကို မှာ မင်းကို အရူးလို ချစ်ခဲ့လို့ ဒီလောက်အထိ သူ့ကိုယ်သူ နှိမ့်ချပြီး မင်းဘေးမှာ ကပ်တွယ်နေခဲ့တာ...
မင်းက လူသတ်သမား။ မင်း သူ့ကို တတိတိနဲ့ ညှင်းသတ်ခဲ့တာ သိရဲ့လား"
YOU ARE READING
Yesterday Once More
Fanfictionငါ့အား သူရှိခဲ့သော နှောင်းနေ့ရက်များသို့ ခေါ်ဆောင်သွားပါလေ။ ငါ မတူးဖော်မိခဲ့လေ သော ချစ်ခြင်းအပြည့်နဲ့ မျက်၀န်းတွေကို တစ်ခေါက်ထပ်မြင်ခွင့်ရပါရစေ....။