M is for "Mine" ( Uni+Zawgi)

16 2 0
                                    

ပုံမှန်ပဲ..ကျွန်မဘဝကြီးက ပုံမှန်ပဲဖြတ်သန်းနေတယ်...။တစ်ယောက်ထဲကျောင်းသွားတယ်..။တစ်ယောက်ထဲကျောင်းပြန်တယ်..။အမြဲတမ်းတစ်ယောက်ထဲပဲ..။ဒါပေမယ့် ပြောင်းလဲမှု သေးသေးလေးတစ်ခုတော့ရှိတယ်..။

ကျွန်မမှာ အားပေးနှစ်သက်ရတဲ့ကောင်လေး ခုနစ်ယောက်ရှိလာခဲ့ပြီ...။အမြဲလိုလို တိတ်ဆိတ်နေတတ်တဲ့ကျွန်မက အခုများတော့သီချင်းလေးတစ်ချို့တီးတိုးရွှတ်ဆိုနေတတ်တယ်..။

ကျောင်းစာကိုသာ သဲကြီးမည်းကြီးကျတ်မှတ်တတ်တဲ့ကျွန်မက အခုတော့ ကောင်လေးခုနစ်ယောက်ရဲ့မွေးနေ့၊ကောင်လေးခုနစ်ယောက်ရဲ့ ပွဲဦးထွက်တဲ့နေ့၊ကောင်လေးမိဘတွေရဲ့မွေးနေ့၊ကောင်လေးတွေရဲ့ဇာတိ၊ကောင်လေးတွေကြိုက်တတ်တဲ့အရာလေးတွေ၊ကောင်လေးတွေသဘောမကျတဲ့အရာ​လေးတွေ ကို မှတ်သားထားတတ်နေပြီ...။

အရင်ကမုန့်ဈေးတန်းကို တစ်နှစ်နေလို့တစ်ခါမသွားဖြစ်တဲ့ကျွန်​မက အခုတော့ မုန့်ဈေးတန်းကို မုန့်စားဆင်းချိန်တိုင်းရောက်ဖြစ်နေပြီ..။အမေပေးတဲ့မုန့်ဖိုးငါးရာကိုကိုင်လို့ သွားတာကမုန့်ဈေးတန်းက ပိုစတာရောင်းတဲ့အန်တီကြီးဆိုင်ကိုပေါ့..။

ပိုစကာတစ်ကပ်၂၀၀က အသားမကောင်းပေမယ့် အကြီးကြီးရတယ်..။ကောင်လေးတွေအုပ်စုလိုက်ပုံတွေလည်းရသလို တစ်ယောက်ချင်းပုံတွေလည်း ရှာရင်ရှာသလောက်ရတယ်..။အရင်က ကျောင်းစာအုပ်တွေသာပြည့်နေတဲ့ကျွန်မလွယ်အိပ်မှာလဲ အခုတော့ ၂၀၀တန်ပိုစတာကပ်လေးနှစ်ကပ်လောက်အမြဲပါလာတတ်တယ်..။

အရင်က Mathအတွက်ပုံသေနည်း..Grammerနည်းတွေနဲ့သာ ပြည့်နေတဲ့ အခန်းနံရံလေးမှာ အခုတော့ ကောင်လေးတွေရဲ့ပုံတွေက အစားထိုးလာခဲ့ပြီ..။

ကျွန်မကိုယ်ကျွန်မချစ်တတ်အောင်သင်ပေးခဲ့တဲ့ ကျွန်မရဲ့ အဖိုးတန်လေးတွေကို ကျွန်မသိပ်ကိုမှမြတ်နိုးရပါသည်..။

*************

အဲ့ဒီနေ့ကျွန်မ အတန်းပိုင်ဆရာမအိမ်ကိုရောက်နေတာဖြစ်တယ်..။ကျောင်းရဲ့စုံညီပွဲက နီးလာတာနဲ့အမျှ ကျွန်မတို့လည်းအလုပ်ရှုပ်နေကြပြီ...။သီချင်းရွေးတာနဲ့ ကကွပ်ပုံဖော်တာက ဆရာမလုပ်ပေးရပြီးတော့ ကျမတို့က ဒီတိုင်း လေ့ကျင့်ကြရုံပါပဲ..။ကျွန်မက အကအဖွဲ့ထဲမပါပေမယ့် ဆရာမရဲ့ခိုင်းစေမှုအရ အဖွဲ့တစ်ကို ကြည့်ပေးရမှာဖြစ်တယ်...။

IMMMM ( Short Story) Where stories live. Discover now