.......
သုခလဲ စာလေးကို ဖတ်ပြီး နွားနို့ခွက်လေးဆီအကြည့်ပို့လိုက်မိတယ်
တခါမှမသောက်တဲ့ နွားနို့ခွက်လေးကို ယူပြီးသောက်လိုက်မိတယ်
ချိုတယ်.......အရမ်းချိုစိမ့်ပြီးအရသာရှိတယ်နွားနို့လေးကို အကုန်သောက်ပြီးမှ ခွက်လေးကို ဘေးသို့ပြန်ချလိုက်ကာ
ပြန်အိပ်ရန် အိပ်ယာထက်သို့ လှဲကာမျက်လုံးများအား မှတ်ထားလိုက်တယ်အိပ်လို့မရတော့တာနဲ့.......ဘေးဘက်ဝဲယာကို ဝှေ့ကြည့်လိုက်တော့ စာထဲက စာကြောင်းလေးတကြောင်းက အတွေးထဲဖြတ်ပြေးသွားတော့တယ်
သုခလဲ အိပ်ယာပေါ်မှဆင်းကာ အခန်းပြင်ထွက်ခဲ့လိုက်တယ်
သူသွားနေတာက သူ့ဘေးခန်းတွင် ရှိနေသော သူဆီ.......အခန်းရှေ့ရောက်တော့ တံခါးဖွင့်ဖို့ စိတ်လှုပ်ရှားနေမိတယ်
(ဟူး.......စိတ်ကိုလျော့သုခ........)
သုခ သူ့ကိုယ်သူ စိတ်လျော့စေပြီး တံခါးကိုဖွင့်လိုက်ကာ အခန်းထဲသို့ ကုတ်ချောင်ကုတ်ချောင်နဲ့ ဝင်လိုက်တယ်အခန်းထဲတွင် မီးရောင်ဝါဝါလေးလေးက မှောင်ရီရီနဲ့တစိုးတစဉ်းသာလင်းနေသည့်မို့
ဖြေးဖြေးချင်း မီးရောင်ဝါပျော့ပျော့လေးရှိရာ ကုတင်နားကို လျှောက်လာလိုက်တော့ရင်ထဲမှာ ဖြတ်ပြေးသွားတဲ့ ပုံရိပ်ငယ်တချို့
သိပ်လှတယ်လို့ပြောကြတဲ့ '' မိုနာလီဇာ ''ပင် ထိုပုံရိပ်လေးကြောင့် ငိုရမှာ အသေအချာပင်........
ငေးကြည့်နေရင်း မျက်နှာပေါ်ဝဲကျနေသော ဆံပင်လေးကိုတွေ့လိုက်ရတယ်
ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ရောက်သွားတဲ့ လက်ကတော့ ဆံပင်လေးကို သပ်တင်ပေးပြီး
မီးရောင်ကြောင့် မြင်နေရတဲ့ မျက်နှာလေးအား ငေးနေမိတယ်
မျက်ခုံးကို အလိုမကျသည့်နှယ် တွန့်ချိုးထားတယ်မို့ တချက်ပြုံးလိုက်မိတယ်
တွန့်ချိုးနေတဲ့ မျက်ခုံးနှစ်ဖက်ကို လက်နှစ်ချောင်းနဲ့ နှိပ်ကာဖြေစေလိုက်တယ်
![](https://img.wattpad.com/cover/316405275-288-k822160.jpg)
YOU ARE READING
ချစ်ခြင်းကိုသီးကျူးခြင်း (Uni + ZG)
Romantik"အချစ်ဆိုတာ တကယ်ရှိတယ်ဆို တစ်ခါလောက် ကံကောင်းခြင်းမိတယ်" အဂ္ဂ "ခင်ဗျားကြီးရဲ့ ဆုတောင်းလေးက သိပ်မကြာခင်မာ ပြည့်လာတော့မှာပါ" သုခ sweet type အနေနဲ့ဘဲ သွားမာမို့ romantic...