ကျွန်မနာမည်က Anna Kim။ ကျွန်မက ကိုရီးယား-အမေရိကန်ကပြားဖြစ်ပြီး မေမေကတော့ ကျွန်မကိုမွေးကတည်းက ဆုံးသွားခဲ့တယ်။ ကျွန်မရဲ့ဖေဖေ Kim Jae Haက စက်ရုပ်နှင့်နည်းပညာကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အတော်အသင့်ကို အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုဆိုလည်း မမှားပါဘူး။
ဖေဖေက ကျွန်မကို အရမ်းချစ်ပြီး လိုလေသေးမရှိအောင်လည်း ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့အသက် ၁၈နှစ်ပြည့်မွေးနေ့မှာတော့ ဖေဖေက ကျွန်မလုံးဝကိုမထင်ထားခဲ့တဲ့ အရာတစ်ခုကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တယ်။ အဲ့ဒါကတော့....။
"Anna...ဒါက ဖေဖေရဲ့ခင်ပွန်း Mr.Harry Potterတဲ့။ သမီးရဲ့အဖေနောက်တစ်ယောက် ဖြစ်လာမဲ့သူပေါ့။"
"တွေ့ရတာ ဝမ်းသာပါတယ်...Anna။"
ဖေဖေဟာ မေမေ့ကိုသာ အချစ်ဆုံးလို့ ကျွန်မထင်ခဲ့မိပြီး ကျွန်မအသက်ကြီးသည်အထိ တစ်ဦးတည်းနေထိုင်ခဲ့လို့ ဖေဖေ့အပေါ်ကို ကျွန်မဂုဏ်ယူခဲ့ပေမဲ့ ထိုအရာတွေက အခုအချိန်တွင်တော့ ပျက်စီးသွားခဲ့ရပြီ။ ဖေဖေဟာ မေမေ့အပေါ်မှာ သစ္စာဖောက်ဖျက်ခဲ့ရုံသာမက မျိုးနွယ်တူသည့် ယောက်ျားသားတစ်ဦးကိုပါ အိမ်ပေါ်တင်ခေါ်လာခဲ့ပြီ။
ကျွန်မ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ ဖေဖေရဲ့ဘေးမှာရပ်နေတဲ့ Harry Potterဆိုသည့် ယောက်ျားအား သေချာကြည့်လိုက်မိမှ ဖေဖေဘာလို့ ဒီယောက်ျားကို ရွေးချယ်ခဲ့သလဲဆိုတာ သဘောပေါက်သွားရတယ်။
ထိုယောက်ျားသည် အသက်၄၀စွန်းစွန်းသာရှိသေးသည့် ဖေဖေ့ထက်ပင် အရပ်မြင့်ပြီး အချိုးအစားကျနသည့် ခန္ဓာကိုယ်အမျိုးအစားနဲ့ လှပခြင်းတွေနှင့် ခန့်ညားခြင်းတွေ ပေါင်းစပ်ထားသည့် မျက်နှာကိုပိုင်ဆိုင်ထားသည်။ မျက်မှန်နောက်က မျက်ဝန်းတွေက ကျွန်မရဲ့ဆုံးသွားတဲ့ မေမေရဲ့မျက်ဝန်းတွေလို စိမ်းလဲ့နေပြီး ဝိုင်းစက်နေပေမဲ့ ရင့်ကျက်တည်ငြိမ်သည့် ဟန်ပန်တွေပြည့်နှက်နေသည်။ နှာတံစင်းစင်းနှင့် နှင်းဆီဖူးလေးလို ပန်းဆီရောင်သန်းနေသည့် နှုတ်ခမ်းတွေကလည်း မြင်သူတကာ စွဲမက်စရာ။ မဟူရာရောင် ဆံနွယ်တွေကို အပြောင်သိမ်းထားပြီး အချို့သော ဆံနွယ်တွေသည် နဖူးပေါ်မှာဝဲကျနေသည်မှာလည်း မိန်းမလှတွေ အရှုံးပေးချင်စရာ။
YOU ARE READING
The Truth Behind Me
FanfictionThird person POVကနေ ရေးထားတဲ့ Drarry OSလေးပါ။ အားပေးကြပါဦး