{ဘယ်လိုလုပ်ရပါ့မလဲ ဘဝနဲ့ချီပြီးချစ်မိသွားပြီလေ...}

124 6 0
                                    

    လေပြေလေးတွေနဲ့အတူ မင်းဆီကိုအလွမ်းသတင်းတွေပါးလိုက်တယ်
မင်းရရှိလိုက်ရဲ့လား ချစ်ရသူ...
ဒီလူရင်မှာ မင်းကိုမမေ့နိုင်သေး...
အာ..ဘယ်လိုလုပ်ရပါ့မလဲ ဘဝနဲ့ချီပြီးချစ်မိသွားပြီလေ...

ကျောင်းစစဖွင့်ရက်မို့ ကျောင်းသား/သူတွေနဲ့စည်ကားနေသည့်အလယ်သူကယောင်ချာချာဖြစ်နေသည်။
‌ဒီကျောင်းကို သူအခုမှစပြောင်းလာတာမလို့ သူငယ်ချင်းလဲမရှိသေးသလို ဘယ်သူနဲ့မှလဲမသိပေ...
ဒါပေမဲ့လဲ သူကဟိုလူမေးဒီလူ့ကိုမေးနဲ့နောက်ဆုံးတော့ သူတက်ရမည့်အတန်းကိုရောက်သွားတော့သည်။
‌မနက်ပိုင်းအတန်းချိန်က ကောင်း"မွန်"နဲ့ပြီးသွားတယ်...
သူငယ်ချင်းလို့ဆိုမရပေမဲ့ တစ်ခုံထဲထိုင်သူနဲ့တော့ စကားပြောကြတာဘာညာရှိလာသည်။
သူ့ဘေးက အတန်းဖော်ကသူ့ကိုခပ်တိုး"သတိပေးသည်။

"ဟေးးလှိုင်းခတ် မင်းဟိုတစ်ယောက်နဲ့သွားမပတ်သတ်မိစေနဲ့နော် သူကဇိုးလေ"

လှိုင်းကခေါင်းတစ်ချက်ညိမ့်ပြပြီး အနောက်ကိုလှည့်ကြည့်တော့ နောက်ဆုံးတန်းမှာတစ်ယောက်ထဲထိုင်နေတဲ့သူ့ကိုတွေ့သည်။
သူကလှိုင်းကိုမြင်သွားသည်နှင့်တူသည် လှိုင်းကိုပြုံးပြလာသည်။ ပါးချိုင့်လေးပေါ်သည်အထိ
အာ...လူဆိုးကောင်မှာပါးချိုင့်တွေရှိတာပဲ...
လှိုင်းကလဲ ထိုသူ့ကိုပြန်ပြုံးပြလိုက်သည်။

အရာအားလုံးအဆင်ပြေချောမွေ့စွာပြီးသွားပေမဲ့ ပြသာနာကအခုမှစ‌တော့သည်။
မိုးကသည်းထန်စွာရွာနေပြီး ဒီနေ့ကျမှလှိုင်းထီးမေ့လာသည်။
ဒီတိုင်းပြေးသွားရင်ရပေမဲ့ မိုးကသည်းလွန်းတော့ သူမသွားရဲ မိုးရေနဲ့မမြင်မစမ်းတခြားဟာတွေကိုတိုက်မိကုန်မှဖြင့်..
ဒါကြောင့် သူကော်ရစ်တာမှာ မိုးစဲသည်အထိရပ်စောင့်ရန်စိတ်ကူးလိုက်သည်။

ထိုချိန် ထီးတစ်ချောင်းနဲ့အတူ မနက်ကလူဆိုး
‌ေကာင်ကရောက်လာသည်။ထီးတစ်ဖက်ကိုသူ့ဖက်စောင်းထားပေးသည်။
သူကအံ့ဩတကြီးမော့ကြည့်လိုက်တော့ လူဆိုး‌ေကာင်က ခပ်ဟဟရယ်လိုက်သည်။

"အတူပြန်ကြမလား? မိုးကစဲမဲ့ပုံမပေါ်ဘူး မင်းတစ်ညလုံးရပ်စောင့်မလို့လား?"

{ဘယ်လိုလုပ်ရပါ့မလဲ ဘဝနဲ့ချီပြီးချစ်မိသွားပြီလေ...} Where stories live. Discover now