Ep.9 ပြန်လည်မွေးဖွားခြင်း...
လက်ချင်းတွဲလျက်သေဆုံးသွားသောယောကျာ်းပျိုနှစ်ဦးကိုခပ်စိမ်းစိမ်းကြည့်ကာဖြင့်...မင်းကြီးဇောဂဓိညာမှအမိန့်ထုတ်လိုက်သည်။
"ဒီအလောင်းတွေကိုမြို့ပြင်မှာသွားပြစ်လိုက်! ဗမာ့အားအဖွဲ့အစည်းကိုလဲခေါင်းဖြတ်ကွပ်မျက်လိုက်တော့..."
မင်းကြီး၏ခပ်မာမာစကားသံကိုကြားတော့အကုန်လုံးကလန့်ဖြန့်စွာခပ်သွက်သွက်လုပ်ကြရသည်။ အချစ်ဆုံးသားတော်ကိုတောင်စွန့်လွှတ်ပြစ်နိုင်တဲ့ဘုရင်ဇောဂဓိညာ၏အသဲကအတော်မာပါသည်။
နှစ်အနဲငယ်အကြာတွင်ဗမာ့အားမှလူတစ်စုက ဘုရင်ဇောဂဓိညာကိုလာရောက်တိုက်ခိုက်သော်လည်းမအောင်မြင်ပဲကျဆုံးသွားကြ
ရသည်။မင်းသားဝဏ္ဏထင်ဓိညာနှင့်ကြင်ယာတော်ယဥ်လက်မွေစံတို့က တိုင်းပြည်ကိုအုပ်ချုပ်ပြီးနောက်ဆုံးတစ်ချိန် သေဆုံးသောအခါတော်ဝင်အမှတ်ဖြင့်သာသေဆုံးသွားကြရသည်။
တစ်နှစ်
တစ်ခေတ်
အေဒီများစွာ
ရာစုများစွာကုန်လွန်ပြီးသော်....
1990 နှောင်းပိုင်းလွတ်လပ်ရေးမရခင်ကာလ...
ပုဂံပြည်ရှိရွာတစ်ရွာ...
"ဗျို့ သူကြီးရေ...မြင့်ကျော်တို့အုပ်စုရွာတောင်ပိုင်းမှရန်ဖြစ်နေသတဲ့ဗျို့...."
အသံကျယ်ကျယ်နှင့်လူတစ်ယောက်အသံကိုကြားတော့ အသက်ခပ်ငယ်ငယ်အရွယ်ရှိ လူတစ်ယောက်ကအိမ်ပေါ်မှဆင်းလာကာ...
"ဖြစ်ပြန်ပြီတဲ့လား ကိုလှသောင်းရယ်...ကျုပ်ဖြင့်လည်းစကားပန်းရွာသူကြီးဖြစ်ထဲကရှင်းလိုက်ရတဲ့ပြဿနာဆိုတာမနဲပါလားဗျာ..."
"သူကြီးရယ် လိုက်သာလိုက်ခဲ့ပါဗျာ...ဟိုမှာသေကျေတော့မယ်"
ကိုလှသောင်းစကားကိုကြားတော့သူကြီးကခေါင်းမြန်မြန်ငြိမ့်ပြပြီးကိုလှသောင်းနောက်မှလိုက်လာခဲ့သည်။
ခပ်မြန်မြန်လျှောက်လာတော့ ရွာတောင်ပိုင်းရှိမြင့်ကျော်တို့အုပ်စုအရက်သောက်နေကျနေရာရောက်လာသည်။ အသေအကျေထိုးကြိတ်နေကြတဲ့ပွဲထဲမည်သူမျှဝင်မတားရဲပေမယ့် သူကြီးရောက်လာတော့ အချို့သူများကရပ်သွားကြသည်။
YOU ARE READING
ချစ်မော်ကွန်း ရင်မှာတည် ( Complete )
Historical FictionStart. Jun 5 . 2022 End. Feb 12 . 2023 Zawgyi ± Uni "တရုတ်စကားပန်းလေးတွေကအချစ်နဲ့သိပ်တူတယ်ဓိညာ...နေဒဏ်ကိုမခံနိုင်သလို လေဒဏ်ကိုလဲမခံနိုင်ဘူး အထိအခိုက်လွယ်ပြီးနူးညံ့ကြတယ်...ဒါပေမယ့်ပင်စည်ရှင်သန်သရွေ့ထပ်ပြီးပွင့်လန်းနိုင်တယ်" Zawgyi Ver "တရုတျစကား...