ဩသုတဉာဏ် ♡ မိုးဦးညို

40 2 0
                                    

ဒီနေ့ ရာသီဥတုကတော့ ကျွန်တော့်အကြိုက်ပါပဲ မိုးလေးအုံ့တုံ့တုံ့နဲ့ အပူမအေးလေး နေလို့အရမ်းကောင်းတယ် ။ မိုးအုံ့နေရင် ဘယ်ကြောင့်မှန်းမသိ ကျွန်တော် ပျော်မိတယ် ။ မိုးအေအေးလေးနဲ့ ကော်ဖီသောက်ရင်း စာဖတ်ရတာကို ကျွန်တော် ကြိုက်တယ် ။ ကျွန်တော့်စိတ်ထင် မေမေနဲ့တူလို့ ထင်ပါတယ်။ မေမေကလည်း ကျွန်တော့်လိုပဲ ‌မိုးအေးအေးနဲ့ ကော်ဖီသောက်ရင်း စာဖတ်လေ့ရှိတယ် ။ ဖေဖေရှိရင်‌တော့ ဖေဖေနဲ့အတူ တီဗီကြည့်တတ်တယ် ။ ကျွန်တော် ငယ်ငယ်ကတည်းက မိုးရာသီကို ကြိုက်တယ် ။ ပြီးတော့ မိုးရွာနေတာလေးကို ငေးနေရတာ ကြိုက်တယ် ။ မိုးတွေ ခြိမ်းနေသည် ဖြစ်စေ ၊ လျှပ်စီးတွေ လတ်နေသည် ဖြစ်စေ ကျွန်တော် မကြောက်ပါ ငေးနေစမြဲပါပဲ ။ ငယ်ငယ်က မိုးရွာတဲ့အချိန်ဆို မေမေက ကျွန်တော့်ကို အမြဲတမ်းစာဖတ်ပြလေ့ရှိတယ် ။ ကျွန်တော်ကြီးလာတော့ ‌မေမေ့လိုပဲ အားရင် စာဖတ်ဖြစ်တယ် ။ မေမေကလည်း ကျွန်တော့်ကို စာအုပ်ကောင်းတွေ ညွှန်းပေးတယ် ။

" Ti Ti Ti "

စာဖတ်နေတုန်း ရုတ်တရက်ဝင်လာတဲ့ ဖုန်းတစ်ကော ။ Contact ကိုကြည့်တော့ ဦးသိန်းတဲ့ ။ ကျွန်တော်တို့ လမ်းထိပ်က စာအုပ်ဆိုင် ပိုင်ရှင်ပါ ။

" ဟုတ်ကဲ့ ဦးသိန်း "

" ဟိုနေ့က မင်းမှာထားတဲ့ စာအုပ်ရောက်ပြီ "

" ဪ ဟုတ်ဟုတ် ကျွန်တော် လာယူလှည့်မယ်နော် "

" အေးအေး "

ကျွန်တော်လည်း ဖုန်းချကာ လက်ရှည်ကောက်ယူပြီး စာအုပ်ဆိုင်ကို သွားပါတော့တယ် ။

" ဦးညို "

" ဗျာ "

စာအုပ်ယူပြီး လှည့်ပြန်မယ်အလုပ် ကလေးတစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်တော့ ကျွန်တော် နောက်လှည့်ကြည့်မိတယ် ။ အဲ့ဒီကလေးက တခြားလူမဟုတ်ပါဘူး ဦးသိန်းရဲ့ မြေးလေး လရောင်ပါ ။

" ဦးညို မိန်းမ မယူသေးဘူးလား "

" ဟမ် "

" မနေ့က တီတီချို အိမ်လာတော့ လရောင်ကို မေးခိုင်းလို့ "

" ဟောဗျာ မမချိုကတော့ လုပ်ပြီ "

" လရောင် မေးတာဖြေ ဦးညို "

" ငြိ " ~one short~Where stories live. Discover now