ပေကျင်းတက္ကသိုလ် civil engineering major ရဲ့ကျောင်းသားသစ်လေး ဝမ်ရိပေါ်
ကျောင်းသားသစ်ပေမယ့် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကူညီတတ်တဲ့စိတ်ထားလေးကြောင့် ဆရာဆရာမတိုင်းကလဲ ချစ်ကြတယ် ။
ရိပေါ် crush ကြီးကလွဲလို့ပေါ့ ။ဟုတ်ပါတယ် ရိပေါ်မှာ တစ်ဖက်သတ်ချစ်နေရတဲ့ သူတစ်ယောက်ရှိပါတယ် ။
Fresher welcome မှာစတွေ့ခဲ့တဲ့ architecture major ကစီနီယာ ရှောင်းကျန့်တဲ့ ။
စီနီယာနဲ့စတွေ့ကတည်းက ထူးဆန်းလွန်းတဲ့ရင်ခုန်သံတွေကြောင့် ရိပေါ်အမြဲပတ်ရှောင်နေခဲ့ရတာ ။အဲ့နေ့က fresher welcome နေ့ ၊ရိပေါ်နဲ့ အကို စဆုံဖြစ်ခဲ့တဲ့နေ့ပေါ့ ။
“ညီလေး ကကျောင်းသားသစ်လား ““ဟုတ် ဟုတ်ပါတယ် ဗျ “
“ကိုက archi တတိယနှစ်က ရှောင်းကျန့်ပါ main hall ကိုရှာနေတာမလား အကိုလဲသွားမလို့ တူတူလိုက်ခဲ့မလား “
“ဟုတ် ဟုတ် ကျေးဇူးပါ အကို”
စတွေ့ကတည်းက အပြုံးချိုချိုလေးနဲ့အကိုက ရိပေါ်စိတ်ထဲမှာနေရာယူသွားခဲ့တာ ။
ဒါပေမယ့် အကိုက ကျောင်းမှာ king ထင်ပါတယ် ကောင်မလေးတော်တော်များများရဲ့ မျက်လုံးက အကို့ဆီမှာ ။ရိပေါ်လို တစ်ခါမှရင်မခုန်ဖူးတဲ့သူတောင် အကိုကိုစတွေ့ကတည်းက ရင်ထဲ ကုလားဘုရားလှည့်နေသလိုပဲ။
ရိပေါ်ဟာ အချစ်ဆိုတာကို သိပ်မယုံကြည်တဲ့သူတစ်ယောက်ပေါ့ ။ ဒါကြောင့်လဲ အခုချိန်ထိရည်းစားမထားဘဲနေလာခဲ့တာ ။
ချစ်သူရည်းစားထားတယ်ဆိုတာ အကျိုးလိုလိုညောင်ရေသွန်းတာလို့ပဲ ရိပေါ်ထင်တယ် ။
ကိုယ်အပြင်သွားတဲ့အခါ အဖော်ရှိဖို့ ၊တစ်ခုခုဆိုစိတ်ပူပေးမယ့်သူရှိဖို့ ဒါတွေကြောင့်ပဲ ရည်းစားထားကြတာမလား ။ဖြစ်ပြီးရင် ပြတ်မယ့်လောကကြီးမှာ ရိပေါ်နှုတ်ဆက်ရခြင်းတွေကိုအမုန်းဆုံးပဲ ။
Fresher welcome ပြီးကတည်း ရိပေါ်ဟာကျောင်းလာရမှာအရမ်းတက်ကြွတဲ့သူဖြစ်လာခဲ့တယ် ။
ကျောင်းရောက်တာနဲ့ အရင်ဆုံးသွားတတ်တာာအကိုရှိမယ့် canteen .စပ်စုတတ်တဲ့ မိန်းကလေးတစ်ချို့ဆီကပြန်ကြားရတဲ့ သတင်းကတော့ အကိုက play boy တဲ့လား ။
သတင်းတွေကြားမိပေမယ့် ဒီနေ့တော့မမြင်ချင်တဲ့ မြင်ကွင်းတစ်ခုက မျက်စိရှေ့မှာ ။
YOU ARE READING
I'm not yours
Short Storyအကို့အပြစ်မဟုတ်ပါဘူလေ အကိုမှ မသိခဲ့တာ Wang Yibo ကို့ ကိုအဲ့လောက်တောင်ချစ်တာလား Xiao Zhan