Zawgyi
_လူတွေများပြားလွန်းလှတဲ့ paris လမ်းမကြီးပေါ်မှာကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေတဲ့ကောင်လေးတစ်ယောက် ထိုကောင်လေးနံမည်က "Vante"_
"အားလုံးပဲ ကျွန်တော်ကတော့ "Vante"ပါ ဒီနေ့ကတော့ခါတိုင်းလိုပဲ Vlog လေးရိုက်ဖြစ်ပါတယ် အရင်Vlogတွေနဲ့ မတူတာက ဒီနေ့မှာတော့ ကျွန်တော်က Paris ကိုရောက်ရှိနေပါတယ်
ပရိတ်သတ်ကြီးတို့ အံ့သြသွားကြတယ်မဟုတ်လား အခုကျွန်တော်နဲ့ Paris မြို့ကိုလိုက်ကြည့်ပေးကြပါဦး go go go""Paris က ကျွန်တော်အကြိုက်ဆုံးနေရာတွေထဲက တစ်နေရာပဲ "I Love You Paris" ပရိတ်သတ်ကြီးတို့လဲ Paris မြို့ကိုသဘောကျကြတယ်ဟုတ် ကျွန်တော်အခု Eiffel tower နားမှာပါ tower ကြီးနဲ့အတူ ဓာတ်ပုံတွေလဲအများကြီးရိုက်ခဲ့ပါတယ်
အခုကျွန်တော်က paris eiffel tower နားက "Le Bistro Parisien" ဆိုတဲ့စားသောက်ဆိုင်လေးကိုရောက်ရှိနေတာပါ Menu ကတော့ ရုတ်တရက်ကြီး steak စားချင်လာလို့မှာစားလိုက်ပါတယ် ဒီနေ့ Vlog လေးကတော့ ဒီလောက်ပါပဲ နောက် Vlog တွေမှာပြန်ဆုံတွေ့ကြရအောင် Bye"
"အာ...ဒီနေ့နည်းနည်းပဲရိုက်လိုက်ရတယ် Camera ကိုင်ပေးမယ့်သူရှိရင်ကောင်းမဲ့ဟာကို....
"Hello!"
ရုတ်တရက် ကျွန်တော့်အင်္ကျီကိုလာဆွဲပြီးနှုတ်ဆက်တဲ့ကလေးလေးတစ်ယောက်
"ဟေး မင်းက ဓာတ်ပုံဆရာလား"
"သေချာပေါက်ပဲပေါ့"
"မင်းရဲ့နံမည်ကဘာလဲ"
"G.C.F"
"ငါ့နံမည်က Lucasပါ"
"G.C.F ငါ့ကိုဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးနိုင်မလား"
"ရတာပေါ့ ငါမင်းကို ကမ္ဘာပေါ်ကအကောင်းဆုံးဓာတ်ပုံတစ်ပုံဖြစ်အောင်ရိုက်ပေးနိုင်တယ်"
"ကျေးဇူးပါ ငါ့ကိုအခုစရိုက်ပေးလို့ရပြီ"Lucas ကိုဓာတ်ပုံရိုက်ပေးရင်း Camera က အခြားတစ်ဖက်ချိန်မိတော့ Camera ထဲမှာပေါ်လာတဲ့ကောင်လေး အနောက်ကနေကြည့်တာတောင်ဆွဲဆောင်မှုရှိလွန်းတယ်
ထိုကောင်လေးက အနောက်ကိုအလှည့်မျက်လုံးချင်းဆုံမိသွားတော့ လက်ထဲကနေလွတ်ကျသွားတဲ့ Camera လေး
တစ်ချိန်ထဲပါးစပ်ကနေထိုကောင်လေးကိုကြည့်ရင်းပြောလိုက်မိသည်က"လှလိုက်တာ"
YOU ARE READING
Photographed by G.C.F
Fanfiction_Paris မြို့တစ်နေရာကကောင်လေး_ _Paris မြို့တစ်နေရာကကောင်လေး_