3

13 2 0
                                    

ကျွန်တော့ကလေးကလေ သိပ်ကလေးဆန်တယ်

မသိတဲ့သူတွေအမြင်မှာတော့

ခန့်ငြားပြီး ကြံ့ခိုင်တယ်ပေါ့

တကယ်တမ်းကျ

စိတ်ထားလေးကနူးညံ့ပြီး ကြင်နာတက်တယ်

သူမဟုတ်သလိုနဲ့ ဂရုစိုက်ပေးတက်သေးတယ်

အချိန်ရရင် သူ့ခံစားချက်လေးတွေကို

ကဗျာလေးတွေရေးပြီး သူနဲ့ပဲဆိုင်တဲ့

သူ့ Diary စာအုပ်လေးကို ရင်ဖွင့်တက်သေးတာ

ချစ်ဖို့ကောင်းတာက ကဗျာလေးတွေဘေးမှာ

ဟိုချစ်ဒီချစ်နဲ့ ပုံလေးတွေ ဆွဲတက်သေးတာပဲ

ပြီတော့

သူသိပ်ကြိုက်တဲ့ သူ့ဂီတာလေးနဲ့ သီချင်းလေးတွေ

ရေးစပ်သီဆိုနေတက်သေးတယ်

ကျွန်တော့ ကလေးရဲ့ ခပ်ရှရှ အသံလေးက

ဘယ်လောက်တောင်နားထောင်ကောင်းလိုက်လဲဗျာ

.................................................................
ကင်ဘာဘီတယောက် တချိန်က သူသိပ်တန်ဖိုးထားခဲ့တဲ့
သူ့ကလေးအကြောင်းကိုတွေးရင်း မငိုပါပဲ ကျလာတဲ့မျက်ရည်တို့ကိုသုတ်ကာ အရက်ပြင်းပြင်းတခွက်ကို
မေ့ာချလိုက်လေရဲ့။ ခလေးကိုမေ့လိုမေ့ငြားပေါ့။

ကိုရေ မိုးချုပ်နေပြီလေ မအိပ်သေးဘူးလား

Bob…အင်း အိပ်တော့မှာ bae ခနလေးနော်

............................................................................
ကျွန်တော်အဆင်ပြေနေပါပြီ ဒါဏ်ရာတွေမပျောက်သေးလဲ

အသားကျနေပါပြီ ဒီအခြေအနေကို အပစ်မမြင်ရက်ပါဘူး

ကျွန်တော့လူကြီးက ကျွန်တော့ကိုသိပ်ချစ်တာမို့

ချစ်ဟန်ဆောင်ခဲ့တာတော့မဟုတ်ဘူးဆိုတာ

ကျွန်တော်သိတာပေါ့ လူကြီးကဘာတခုကိုမှ

အကြောင်းရင်မရှိပဲမလုပ်ဘူး

အထူးသဖြင့် သူသိပ်ချစ်ရတဲ့သူတွေ နာကျင်အောင်

လုပ်မဲ့လူစားမျိုးမဟုတ်ဘူးလေ အကြောင်းရင်း

တခုခု ရှိမှာပါ အင်းး သေချာပေါက်ရှိမှာပါ

ကျွန်တော်လဲ မသိဘူးဆိုပေမဲ့ပေါ့

ကျွန်တော်သိတာကတော့

လူကြီးက ပွင့်လင်းသလိုနဲ့ ရှက်တက်ပြီး

Stage ပေါ်မှာ မိမိုက်နေသလောက် ကျွန်တော့ရှေ့ဆို

ယောင်အအလေး ဖြစ်နေတက်သေးတယ်

သူ့ခံစားချက်တွေထုတ်ပြောတဲ့အချိန်တိုင်းလဲ

ကျွန်တော့ကို မျက်နှာချင်းမဆိုင်ရဲပြန်ဘူး

ပြောသာပြောရတာ ကျွန်တော်လဲ အတူတူပဲဖစ်မယ်ထင်တယ်

အာ့ကြောင့်လဲ နောင်တရမိပြန်တယ်

ခံစားချက်တွေထုတ်ဖော်မပြလိုက်ရသေးခင်

ဝေးဖို့ ​ကံကြမ္မာကဖန်လာခဲ့တယ်

ကျွန်တော် သိပ်ကို နုံအခဲ့မိတယ်ထင်တယ်

ကျွန်တော့ရဲ့ ရှက်ရွံမှုတွေကြောင့် ကျွန်တော့ခံစားချက်တွေ

မပေါ်လွင်ခဲ့ဘူးထင်တယ် အနည်းဆုံးတော့

လူကြီးကို သိစေချင်တယ် ကျွန်တော်လဲ

လူကြီးထက်မပိုရင်တောင် မလျော့ခဲ့ဘူးဆိုတာကို

ပိုင်ဆိုင်ခွင့်မရှိတော့ပေမဲ့လို့ပေါ့

.........................................................

DK…အာပြဲရေ ငါအသိက မင်းရေးတဲ့သီချင်းတွေ
သဘောကျလို့ သီချင်းအပ်ချင်လို့တဲ့




You've reached the end of published parts.

⏰ Last updated: Jul 27, 2022 ⏰

Add this story to your Library to get notified about new parts!

I'm OK (Myanmar)Where stories live. Discover now