Final Part(U+Z)

8.2K 259 116
                                    


             " နေရောင်ခြည်ထဲ ဖွေးး,ပါစေ "

" အင်းဟင်းဟင်းဟင်း ... "

ဘယ်အချိန်ကတည်းကညည်းညူနေမှန်းမသိသောသူသည် ဝဠာနိုးလာချိန်မှာတော့ချွေးစေးလေးများပင်ပြန်စပြုနေပြီ။ ဝဠာငုတ်တုတ်ထထိုင်လိုက်ပြီး ရောင်ခြည့်နဖူးပေါ်လက်တင်ကာကိုယ်ပူစမ်းလိုက်သည်။ အပြင်းအထန်ပူနေတာမျိုးမဟုတ်ဘဲ ခပ်နွေးနွေးလေးသာရှိနေသည့်အတွက် သူစိတ်အေးသက်ပြင်းလေးချမိလိုက်သည်။ ထို့နောက် ဝဠာသည်အနားတွင်အသင့်ရှိနေသောပဝါအသေးတစ်ထည်အားယူလိုက်ပြီး ရောင်ခြည့်မျက်နှာပေါ်ရှိချွေးစလေးများကိုဖွဖွလေးသုတ်ပေးနေပါသော်လည်း အဆက်မပြတ်ညည်းညူနေသူကြောင့် အကြံဆိုးပေါ်လာသည့်အတွက် ပဝါအားအနည်းငယ်ခေါက်ထွေးပြီးပါးစပ်ထဲထိုးထည့်လိုက်တော့သည်။

" အင်းဟင်း...အုဟုဟု အဟု !! "

မျက်လုံးဖျတ်ခနဲပွင့်လာသည့်ရောင်ခြည်သည်ချက်ချင်းဆိုသလိုပင်ငုတ်တုတ်ထထိုင်လာ၏။ ဝဠာ ထထိုင်လာသူကိုမှုန်ကုပ်ကုပ်ကြည့်ပေးလိုက်ပြီးနောက် ...

" မအိပ်သေးဘူးဆိုတာသိသားပဲ ... ညည်းနေတာမပြီးတော့ဘူး"

ရောင်ခြည် ပါးစပ်ထဲမှပဝါစအားထုတ်လိုက်ပြီးရယ်မိသွားရသည်။ ဒီလိုလေသံအရဆို ဝဠာလေးသူ့ကိုစိတ်ကောက်ပြေနေပြီမှန်းသိလိုက်ရသည်။ ရောင်ခြည်သူ့ခေါင်းနောက်သူစမ်းကိုင်လိုက်ပြီး ...

" နည်းနည်းနာလာလို့ညည်းတာပါ ... လုပ်ညည်းမဟုတ်ပါဘူး"

" လုပ်ညည်းမဟုတ်လည်းတော်ရုံညည်းလေ မင်းဟာကခိုကြီးကျနေတာပဲ "

ဝဠာ့ပြောစကားကြောင့် ရောင်ခြည်ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီးအနားတိုးကပ်သွားလိုက်ကာ လေသံတိုးတိုးဖြင့်...

" ဘယ်လိုလုပ်မလဲဝဠာ ... ခိုထီးကြီးကမိတ်လိုက်ချင်နေပြီ~~"

မျက်လုံးအပြူးသားဖြင့်ဆတ်ခနဲလှည့်ကြည့်လာသူကအံကြိတ်သံဖြင့်ပြောလာသည်က...

" ဒီကောင်ကတော့ တံတောင်စာမိချင်နေပြီထင်တယ်"

ပြောလည်းပြောတံတောင်ဖြင့်ပါရွယ်လာသူကြောင့် ရောင်ခြည်သည်ထိုတံတောင်လေးအားဖမ်းဆွဲလိုက်ပြီးနမ်းလိုက်လေ၏။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jul 24, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

နေရောင်ခြည်ထဲ ဖွေးး,ပါစေ..(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ