Dreamer (အိမ်မက်သူ)

191 32 0
                                    


Dreamer..  ( Part 13 )

😇 😇 😇 😇 😇

MEW  ကားအနောက်ကနေတောက်လျှောက်
လိုက်လာရင်း သူကွေ့ဝင်သွားတဲ့ နေရာကို
ကြည့်ပြီး Pui Fai  သူ့ကားကို ခြံနဲ့
ခပ်လှမ်းလှမ်းနေရာမှာ ရပ်လိုက်တယ် ..

ဘယ်နေပါလိမ့် !!

ခြံဆိုတာထက် တောကြီးနဲ့ ပိုတူနေတယ်  . 
အပင်ကြီးတွေအုပ်ဆိုင်းပြီး အိမ်ကလည်း ရှေးဟောင်းအိမ်ကြီး ..

ဒီလိုနေရာကို
MEW ဘာလာလုပ်တာလည်း !!

ကားထဲကနေဆင်းပြီး Pui Fai  ခြံထဲကို
အရိပ်အခြေကြည့်ပြီး ဝင်သွားလိုက်တယ် ..

အပင်ရှင်းနေတဲ့သူတွေ အိမ်ကြီးကို ပြန်ပြီး
ပြုပြင်နေတဲ့ အလုပ်သမားတွေနဲ့ ရှုပ်ယှက်
ခတ်နေကြတယ် . 
သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတော့ Pui Fai
ဝင်လာတာလည်း သတိမထားမိကြတယ် . 

" ဟော MEW ကား .. "

တစ်နေရာ အရောက်မှာတော့ ရပ်ထားတဲ့
MEW ကားကို  Pui Fai  တွေ့လိုက်ရတယ် ..

" ဒီမှာရှင့် ဒီကားပိုင်ရှင် !

" အော် သူဌေး
MEW Suppasit ကိုပြောတာလား

" ဟုတ်ကဲ့ 
ဒါနဲ့ ဒါက ဘယ်သူ့အိမ်လည်းရှင့် "

" သူဌေးအိမ်လေ သူ ဟိုဘက်မှာ ရှိလိမ်မယ် "

MEW  အိမ် !

ခေတ်မှီအဆောက်အဦးလည်းမဟုတ်တဲ့
ရှေးဟောင်းအိမ်ကြီးကို ဘာစိတ်ကူးနဲ့
MEW က !!

ဇဝေဇဝါအတွေးနဲ့  MEW  ရှိတဲ့စီ Pui Fai လျှောက်လာခဲ့လိုက်တယ် . 


" ဟေ့လူ "

ခုံတန်းလျားမှာထိုင်နေတဲ့ MEW ..
Gulf ခေါ်သံကြားပေမယ့် မကြားသလို
နေလိုက်တယ် . 

"  MEW Suppasit  "

MEW ပြုံးရင်း လှည့်ကြည့်လိုက်တယ် ..

" ဘာလည်း "

" ပြောစရာရှိတယ် "

သူ့ဘေးနားက ခုံနေရာကို MEW သူ့လက်နဲ့
ပုတ်ပြလိုက်တယ် .

မျက်စောင်းထိုးပြီး Gulf ခုံတန်းမှာ ဝင်ထိုင်
လိုက်တယ် ..

Dreamer  (အိမ်မက်သူ)Where stories live. Discover now