တွေးမိလား တစ်ခါတစ်လေမှာ အဖွား မရှိတော့ရင် အဖေ မရှိတော့ရင် ဆိုပြီးလေ
ငါလည်း တစ်ခါတစ်လေးတွေးမိတယ် သူတို့တွေ အစား ငါပဲ ပျောက်ကွယ်သွားချင်တယ်လို့
ဘာအတွက် ညာအတွက်မှ တွေးမနေပဲ ဒီတိုင်းလေး ဖြစ်တည်မှုပျောက်ကွယ်သွားမယ်
မြစ်ထဲ မြုပ်သွားတဲ့ ကျောက်တုံးလို
လမ်းမှာ မျက်မှန်းတမ်းမိပြီး မေ့သွားတဲ့ သူစိမ်းတစ်ယောက်လို
ပို့ပြီး သွားတဲ့ ပစ္စည်းရဲ့ဘောင်ချာလို
အဲ့လိုမျိုး ဖြစ်တည်မှုက သေးငယ်ပြီး အရေးမပါတော့သလိုမျိုး ပျောက်သွားချင်တာ
ဟုတ်ပါတယ် ငါက သေရမှာ ကြောက်လို့ ဆက်ရှင်သန်နေတဲ့တစ်ယောက်ပါ