ပြဿနာတွေက ဘယ်ကနေစခဲ့လည်းတော့ မသိဘူး။ စိတ်ကတော့ တော်တော်ကုန်နေပြီ။
ခုနေ သေသွားလည်း ဖြစ်တယ်ဆိုတဲ့စကားကို မတွေးပါနဲ့လို့ ပြောပေမယ့် သေသွားလည်းဖြစ်တာပဲလေ။
ဘာလုပ်စရာကျန်သေးလို့လဲ?
အလုပ်လည်း ငါမရှိရင်နောက်တစ်ယောက်ဖြေးဖြေးချင်းအစားထိုးးသွားလို့ရတယ်။
အိမ်မှာလည်း နောက်ဆံတင်းစရာလူမရှိဘူး အကုန်လုံး အရွယ်ရောက်နေကြပြီ။
ငါကရော?
ဘယ်ဆက်သွားရမှာ? ဘာဆက်လုပ်ရမှာ?
ဘာဖြစ်ချင်တာ? အိမ်မက်ကဘာလဲ?
ဘာဆက်လုပ်ချင်တာလဲ?
ဘယ်လမ်းကိုလျှောက်မှာလဲ?
လက်ရှိဘဝကိုစိတ်ပျက်တယ်ဆိုရင် ရုန်းထွက်ရမှာပေါ့
ဘာလို့ဆက်နေနေတာလဲ? ဘာဖြစ်ချင်နေတာလဲ?
တိုက်ခိုက်ရတာ ရန်ဖြစ်ရတာ ရီမောရတာ ငိုကြွေးရတာ တစ်ခုမှ မရှိပဲ ရေလိုက်ငါးလိုက်နဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားတယ်။
ညတွေကျတော့ရော?
အိပ်ဆေးသောက်ရင်အိပ်တယ် မသောက်ရင် ငုတ်တုတ်ထိုင်နေတယ်။
ဒီလိုပဲ အချိန်တွေကုန်သွားပါစေပဲ ဆုတောင်း ဟင့်အင်း ဆုမတောင်းဘူး အချိန်ကုန်သွားတာပဲ ထိုင်ကြည့်နေတာ။
ဝတ်ကျေတန်းကျေ အလုပ်လုပ် ဝတ်ကျေတမ်းကျေ ထမင်းစား
ဝတ်ကျေတမ်းကျေ အသက်ရှင်နေတာ။
မျှော်လင့်ချက်ပျောက်ဆုံးနေတယ် Black out ဖြစ်နေတာလား စိတ်ဓာတ်လုံးဝကျနေတာလား မသိတော့ဘူး။
တစ်ခုတော့သိတယ် အခုနေ သေသွားလည်း ဖြစ်တယ်။
အကိုယွန်းဂီပြောသလို
"မသေရဲသေးလို့ အသက်ရှင်နေတာ"