•🏡

1.4K 140 15
                                    

" ဟိုမှာလေ ဂျယ်ယွန်း မင်းရဲ့ အသံချိုချိုနဲ့ အစ်ကို"

ဘေးနားမှ ဖြတ်သွားသော ထိုလူ၏ ရေမွှေးနံ့က နှာခေါင်းထဲ တိုးဝေ့ကာ ဝင်ရောက်လာသေးသည်၊လျှပ်တပြတ်မြင်လိုက်ရသော်ငြား မျက်လုံးဝိုင်းဝိုင်းတို့က ညှို့ယူနေသကဲ့သို့ ဂျယ်ယွန်း မသိလိုက်ခင်မှာပဲ ထိုလူ၏ ကျောပြင်ငယ် မြင်ကွင်းမှ ပျောက်သွားသည်အထိ လိုက်ငေးမောနေမိသည်။

" ဂျယ်ယွန်း တို့တော့ ဟီဆွန်းဟျောင်းဆီက အညှို့ခံလိုက်ရပြီ ထင်ပါရဲ့ ဟားဟား"

ဂျယ်ယွန်း အလျှင်အမြန်ပင် ဂျေး၏ပါးစပ်အား လက်ဖြင့် အုပ်ကာ
"ဟေ့ကောင် မင်း.. အော်ကျယ်အော်ကျယ်နဲ့ လျှောက်အော်မနေနဲ့ဟ ကြားသွားမယ်"

"မကြားပါဘူး ဂျယ်ယွန်းရာ... မင်းလူကဖြင့် ဘယ် ကမ္ဘာတောင် ရောက်နေပြီလဲ မသိ၊ ဘေးက ဖြတ်လျှောက်သွားတာတောင် လစ်ကနဲပဲ။ "

"ငါ့လူတော့ မဟုတ်သေးပါဘူးကွ၊ ဟဲဟဲ... ဒါပေမယ့် ငါက ငါ့လူဖြစ်အောင် လုပ်ကိုလုပ်မှာ။

" ဆိုတော့... မင်းတကယ် ဟီဆွန်းဟျောင်းကို သဘောကျသွားတယ်ဆို‌ပါတော့။"

ဘယ်အချိန်တည်းက ရောက်နေလဲ မသိတဲ့ ဆောင်းဟွန်းဟာ ရှင်းမ်ဂျယ်ယွန်းရဲ့ အချစ်ရေးစကားဝိုင်းထဲ ဝင်ရောက်လာပြန်တယ်။

" သဘောကျတာ မဟုတ်ဘူး... ဆောင်းဟွန်းရ၊ ချစ်မိသွားတာ။"

အခုဆို ဂျယ်ယွန်း Australia ကနေ Seoul ကို ပြောင်းလာတာ ၁လကျော်ကျော်‌ရှိနေပြီဖြစ်သည်။ ဂျေးနဲ့က ကလေးပေါက်စအရွယ်တည်းကပင် Australia မှာ အိမ်နီးချင်းဖြစ်ခဲ့သည်မို့ ညီအစ်ကိုတွေ ကဲ့သို့ ရင်းနှီးသည်။ ဂျေးက အလယ်တန်းလောက်မှာပင် ကိုရီးယားကို ဦးစွာပြောင်းသွားတယ်။ ဆောင်းဟွန်းကိုက ဂျေးက တစ်ဆင့်မှ ခင်ခဲ့ကြပေမယ့် personality ချင်း အရမ်းတူတော့ ဆောင်းဟွန်းနဲ့ကပင် ပိုကီးကိုက်သေးသည်။ ဂျေးနဲ့ ဂျယ်ယွန်းကို ပေါင်းထားလိုက်ရင် 24နာရီမှာ 23နာရီလောက်က ရန်ဖြစ်နေကြတာချည်းပင်။

ဟီဆွန်းဆိုတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ အစ်ကိုကို ဂျယ်ယွန်း ကျောင်းစရောက်တည်းက တစ်ခါမှ မမြင်ဖူးပါ။ မနေ့ညနေက ကျောင်းဆင်းချိန် တိုက်တိုက်ဆိုင်ဆိုင် အခန်းထဲ အရေးကြီးသည့်စာအုပ်ကျန်ခဲ့လို့ ပြန်ယူရင်း ဘေးချင်းကပ် ဂီတခန်းထဲမှ piano သံလွင့်လွင့်ကို ကြား၍ ပြတင်းပေါက်ကနေ အမှတ်မထင်ကြည့်ခဲ့လိုက်မိသည်။ လက်ချောင်းသွယ်သွယ်တို့ဟာ စန္ဒယားပေါ်တွင် လှပသေသပ်စွာ ပြေးလွှားနေသည့် မြင်ကွင်း၊ ‌အနောက်မှ ကြည့်ရုံနှင့်တင် piano တီးနေသော ထိုလူဟာ ဆွဲဆောင်မှုရှိလွန်းသည်။ ရုတ်တရက်ကြီးအကြည့်ချင်ဆုံသွားချိန်တွင်တော့ ကမ္ဘာကြီးဟာ ခဏရပ်တန့်သွားသလို၊ ထိုလူ၏ မျက်လုံးဝိုင်းဝိုင်းတွေဟာ ဂျယ်ယွန်းအတွက် အသက်ရှူမှားလောက်အောင် လှပနေခဲ့သည်။ စက္ကန့်ပိုင်းလေးပါပဲ... သို့သော် ထိုစက္ကန့်ပိုင်းလေးအတွင်းမှာကိုပင် ထိုလူ၏ မျက်နှာပေါ်က အသေးစိတ်တိုင်းကို ဂျယ်ယွန်းရဲ့ နှလုံးသားထဲမှာရော၊ ဦးနှောက်ထဲမှာပါ ရေးမှတ်နေပြီးသား ဖြစ်ခဲ့သည်။

Feel my rhythm (HEEJAKE One Shot)Where stories live. Discover now