"Yay...... Chart တွေမှာတက်လာပြီ။ Artist-K Debut Chart #20 Bugs #77 Genie #84 Flo တဲ့။ သုံးခုစလုံးမှာတပြိုင်တည်းဝင်ချလာတာ"တောင်ကိုရီးယားတွင် အကြီးမားဆုံး Music Chart လေးခုရှိသည်။ Bugs,Genie, Flo နှင့် Melon တို့ဖြစ်သည်။ ယောင်းမင်းက စောနကတည်းက ဖုန်းတစ်လုံးနဲ့ သတင်း Update စောင့်နေတာ။ သီချင်းထွက်ပြီး သုံးနာရီအကြာမှာပင်တက်လာသည့်နံပါတ်တွေက အခြေအနေကောင်းနေလေသည်။
"ဂျင်ဂျား.....ဝါး.....ဒယ်ပါး"
အဖွဲ့အသစ်တစ်ဖွဲ့၏ ပွဲဉီးထွက်သီချင်းတစ်ပုဒ်အနေနှင့် Chart တွေမှာတပြိုင်တည်းတက်လာဖို့ဆိုတာ မလွယ်ကူသည့်ကိစ္စပင်။ နာမည်ကြီးကုမ္ပဏီများက ပွဲဉီးထွက်အဖွဲ့များတောင် ခက်ခဲ့သည့်ကိစ္စ။
Blackpink, Aespa နဲ့ IVE တို့သာပွဲဉီးထွက်ကတည်းကကြမ်းကြတာ။ ဒီတိုင်းဆို ညီညီတို့ပွဲဉီးထွက်က အောင်မြင်သည်ဟုဆိုရပေမည်။ ညီညီကတော့ Chart တွေမမက်ပါ။
နံပါတ်တွေလည်းမမက်။ သီချင်းကောင်းမကောင်းကို ဂဏန်းများက ရာနှုန်းပြည့်မသတ်မှတ်နိုင်။ ပရိတ်သတ်အင်အားကြီးတဲ့ အဆိုတော်ရဲ့သီချင်းတွေဆိုရင် ကောင်းကောင်းမကောင်းကောင်း ထိပ်ဆုံးရောက်မှာပင်။ ညီညီတော့ သီချင်းတစ်ပုဒ်၏ အနှစ်သာရကို ကိန်းဂဏန်းများနှင့်မဆုံးဖြတ်ပါ။
ဂီတစစ်မှန်တဲ့သီချင်းတွေကိုသာမက်သည်။ သို့သော်လည်း နံပါတ်တွေကိန်းဂဏန်းတွေက မကောင်းတာတော့မဟုတ်။ လူတွေကြိုက်နှစ်သက်မှု ကိုယ့်သီချင်းအပေါ်အာရုံဝင်စားမှူကို နံပါတ်တွေကပြနေသည်လေ။ ထိပ်ပိုင်းတွေတက်လာရင်တော့ ပျော်ရပေမယ့် ရောက်မလာတဲ့အခါ ဒီနံပါတ်တွေကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်သွားမှာစိုးတာ။
"MV ကြည့်ပြီးကြပြီလား"
"ဟင့်အင်း"
"ဒါဆို တစ်ခါတည်း Reaction လုပ်ရအောင်လေ။ ပြီးမှ Edit ပြီးတင်မယ်"
ဆိုဖာတစ်ခုမှာထိုင်ပြီး ရှေ့မှာ Laptop ချ။ ပြီးရင် ကိုယ်တွေဘက်ကို ကင်မရာတစ်ခုနဲ့ရိုက်ရန်ချိန်ထားသည်။ ကိုယ့်သီချင်းကို ပြန်ရီအက်ရှင်လုပ်တာ အိုင်ဒေါ်လ်တွေလုပ်လေ့ရှိသည့် အလုပ်တစ်ခု။