{start to End}🦋

189 10 3
                                    

Unicode ✔️✔️

"တိမ်တွေနဲ့အတူ ထာဝရပျောက်ကွယ် ချင်တာပဲ သိတယ် မောင်ရယ် "

မောင် တဲ့ ကျွန်မ အမျိုးသမီးတယောက်ကို မောင်ဟုခေါ်ဆိုလိုက်လေခြင်း
ဟုတ်ပါတယ် ကျွန်မသိပ်ချစ်ရတဲ့ ထိုအမျိုးသမီးငယ်ကိုပေါ့

၁၀၉၅ရက်မြောက်နေ့ မောင် ကျွန်မဆီကနေ ထွက်သွားတာ ၃နှစ်တင်းတင်းပြည့်ခဲ့ပီ
မောင်ရဲ့ နောက်ဆုံးပြောသွားခဲ့တဲ့ စကားလေး၂ခွန်းကို ခုထိပြန်ကြားနေမိတုန်းပဲ

"မောင် မင်းကို သိပ်ချစ်တာ ကလေးမရဲ့"

"ကလေးမ ကိုယ်တို့ဆက်ဆံရေးကိုဒီမှာပဲအဆုံးသတ်ကြတော့မလား..."

ဒီစကား၂ခွန်းကို မောင်ဟာ စက္ကန့်ပိုင်းလေးတင်ခြားပီး ပြောသွားခဲ့တာ သိပ်ကို တော်လွန်းပါတယ်မောင်ရယ် ပြောနေတဲ့မောင်ကတော့ အေးအေးလူလူပါပဲ နားထောင်ရတဲ့ ကျွန်မကတော့ ရင်ထဲ ‌ဗြောင်းဆန်သွားတာပဲ

"နွယ် ဘာတွေတွေးငိုနေပြန်သလဲကွယ်"

"ဟမ်... နွယ်ဘယ်မှာငိုနေလို့လဲ ကြီးညိုရယ်"

"နွယ် ‌ကြီးညိုကိုလိမ်လို့ရချင်ရမယ် နွယ့်ကိုယ်နွယ်တော့ လိမ်လို့ မရဘူးဆိုတာ နွယ်သိတယ်မလား"

"နွယ် သိပါတယ် ကြီးညိုရယ် ဒါနဲ့လက်ထဲကချိုင့်ကြီးကဘာကြီးတုန်း"

"ဟိုဘက်ခြံကို လူသစ်တွေ ရောက်နေတယ် နွယ် အဲ့တာ အိမ်နီးနားချင်းခင်မင်တဲ့အနေနဲ့ အုန်းနို့ခေါက်ဆွဲလေး သွားပို့လိုက်အုံး နွယ် "

"ကြီးညို ကလဲကွာ နွယ်မှ အဲ့လိုရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်တာ ကြီးညို သိရဲ့နဲ့ ဘာကိစ္စ သူစိမ်းဆီ သွားခိုင်းနေရတာလဲ ကြီးညို"

"နွယ်ကလိမ္မာပါတယ်ကွယ် သွားလိုက်ပါ ကြီးညို အနောက်မှ ဟင်းအိုးတန်းလန်းကြီးနဲ့မိုလို့ မိထွေးမ ကလဲ နွယ့် ဂျူတီကုတ်တွေ လျော်နေတယ်‌နွယ်ရဲ့ အိမ်မှာ အားနေတာ နွယ်ပဲ ရှိတာကို သွားလိုက်ပါနွယ်ရယ် "

"ဟူးး နွယ် ဆေးရုံမသွားရတာ ဒီဝါဆိုလပြည့်နဲ့မှ ၃ရက်ပဲ ရှိပါသေးတယ် ကြီးညိုရယ် မသိရင် နွယ်က အလုပ်မရှိအကိုင်မရှိကျနေတာပဲ"

အတ္တနှောင်ကြိုးမှ ဝေးရာသို့Where stories live. Discover now