"ကိုရယ် ဒီအရက်တွေမသောက်ပါနဲ့လို့ ခင် ဘယ်နှခေါက်ပြောရမလဲ.."
မခင်ဆွေတစ်ယောက်ညီးတွားနေသည်။
ကိုခင်မြင့်ဆိုသူက အရပ်ရှည်ရှည် ၊
ရုပ်ဖြောင့်ဖြောင့်နှင့်လူတစ်ယောက်။
သို့သော် အလုပ်ကြမ်းများကြောင့်လော ၊
အရက်ဒဏ်ကြောင့်ပဲလော မသိ
လူကစုတ်တီးစုတ်ဖတ်ဖြစ်နေသည်။"ကို့ကိုပြောပေါင်းလဲများပြီ ဒီအရက်တွေမသောက်ပါနဲ့ဆိုတာကို ၊
ကျွန်မက ရှင့်ကိုချစ်လို့ အမေတို့သဘောမတူတာတောင်ယူခဲ့တာတော့။
ခုတော့ ရှင့်ဒီလိုပုံနဲ့ ကျွန်မ မိဘတွေကိုမျက်နှာဘယ်လိုပြရမလဲတော်..""ကိုလဲသောက်ချင်လို့ရယ်တော့ဘယ်ဟုတ်မလဲ ခင်ရယ်။
ဒိအလုပ်တွေက ပင်ပန်းတယ်ခင်ရဲ့ ခင်မသိတာလဲမဟုတ်ဘူး။
အရက်နဲနဲဝင်မှခံသာတာ။"အရက်ကြမ်းလက်ကျန်ကိုမော့သောက်ရင်း ကိုခင်မြင့်ကပြောသည်။
"ကျွန်မတော့မောပါတယ်တော်။
ခုကျွန်မရှိစုမဲ့စုလေးတွေလဲ ကုန်ခါနီးပြီ ၊
ရှင့်အရက်ဖိုးနဲ့တင်ကျွန်မမကာမိဘူးရှင့်
ထုခွဲရောင်းချစရာဆိုလို့ ပန်းကန်တောင်ရှိတော့တာမဟုတ်ဘူး""အို ကိုကြံဖန်ရှာပေးမယ် ဟုတ်ပြီလား"
ပြွတ်စ်*ကိုခင်မြင့်ကပြောရင်းပင် မခင်ဆွေဆီက
အနမ်းတစ်ပွင့်ခြွေလိုက်သည်။"အို ဖယ်ပါ ရှင့်ဆီကအရက်စော်နံတယ်"
မခင်ဆွေက ကိုခင်မြင့်အားတွန်းဖယ်ရင်း နောက်ဖေးချောင်သို့ထွက်သွားသည်။
...
YOU ARE READING
ကို
Mystery / Thrillerမိဘတွေသဘောမတူခဲ့တဲ့ယောကျင်္ားကိုမှယူခဲ့တဲ့မိန်းမတစ်ယောက် လောကဓံတရားတွေရဲ့ရိုက်ခတ်မှုကိုခံလာရတဲ့အခါ...