Unicode
စက္ကန့်လက်တံတစ်ချက်ချက်ရွေ့နေတာလေးက
ဘ၀မှာစိတ်လှုပ်ရှားစရာအကောင်းဆုံး
ဖြစ်လာမယ်လို့ ဘယ်သူတစ်ဉီးတစ်ယောက်ကမှပုံသေသတ်မှတ်မထားခဲ့ပေမယ့်သူ့အတွက်တော့ရင်ခုန်စရာကောင်းနေလေရဲ့
ကိုယ့်အကြောင်းကိုယ်တွေးပြီး ပြုံးမိနေတုန်း
ညနေ ၆နာရီထိုးပြီးဖြစ်ကြောင်းအချက်ပေးသံပေါ်လာတော့ တစ်စုံတစ်ဉီးရှိတဲ့အရပ်ကို
မျက်နှာမူပြီး နှစ်ခြိုက်စွာပြုံးမိလိုက်သည်3...2...1
ရေတွက်သံရဲ့အဆုံးမှာတော့ အ၀မှာ
ချိတ်ဆွဲထားတဲ့ ခြူေခါင်းလောင်းသံလေးနဲ့အတူ
ဆိုင်တံခါးလေးပွင့်လာပြီး
အဖြူရောင်အရိပ်ကလေးတစ်ခုက
ဆိုင်ထဲကိုတစ်လှမ်းချင်းလျှောက်လာနေသည်'Americano တစ်ခွက်ပေးပါဗျ'
ဒါက နေ့တစ်နေ့ရဲ့ဆည်းဆာချိန်တိုင်း
သူစောင့်မျှော်နေရတဲ့ အသံလေးလေ15မိနစ်လောက်ကြာတော့ပြန်ထွက်သွားတဲ့
ခြေသံလေးလည်း ကြားလိုက်ပါသေးရဲ့နားလည်ရခက်တယ်ပဲဆိုချင်ဆိုပါ
ဆိုင်ကိုသူလာတဲ့အချိန်တိုင်း
ဟိုဆော့ ဘယ်တော့မှ မျက်နှာချင်းမဆိုင်
တခြားတစ်နေရာကနေလည်း လှမ်းပြီး
ငေးမကြည့်နေခဲ့ဘဲ အသံကိုသာနားစွင့်နေခဲ့သည်
ဘာလို့ဆို ဒီလိုလုပ်ဖို့အခွင့်အရေး
အပြည့်အ၀ရှိတဲ့နေရာလေးတစ်ခုကို
သူရှာတွေ့ထားလို့လေ'မယ်ရီရေ အစ်ကိုသွားပြီနော် ဆိုင်ကိုစိတ်ချမယ်'
မယ်ရီကတော့ သူ့ဆိုင်ပိုင်ရှင်လေးကိုကြည့်ပြီး
ခပ်ယဲ့ယဲ့ပြုံးနေမိသည်အချစ်နဲ့ထိတွေ့မိသွားပြီထင်ပါရဲ့
နေခြည်လိုတောက်ပပြ္ီးနွေးထွေးတဲ့အစ်ကိုရဲ့
အပြုံးလှလှလေးတွေ ပြန်အသက်ဝင်လာပြီပေါ့ပဲ့ကိုင်ရှင်ကိုတော့ ကျေးဇူးတင်လို့မဆုံးတော့ပါဘူး
နေခြည်နုနုကို တိမ်ဖုံးခဲ့တာကြာနေပြီလေ---
'အစ်ကို ဘာသောက်မလဲ'
လာရလွန်းလို့ Waiter ကောင်လေးနဲ့တောင်
အတော်လေးရင်းနှီးနေပြီ
YOU ARE READING
Sunshine Cafe ♡
General Fictionချစ်ခြင်းဟာ နှလုံးသားကို ဘာနဲ့ချည်နှောင်ခဲ့ပါသလဲ မေးလာရင် Guitar ကြိုးလေးနဲ့ Americano တစ်ခွက်လို့ပဲ ကိုယ်ဖြေပါ့မယ် SUGA Of BTS × JHOPE Of BTS