Unicode
" ဒီနွေရာသီကို ကျွန်တော်အရမ်းသဘောကျမိတယ် Ethan.."
ဒီနှစ်နွေရာသီကထူးခြားတယ် အရာအားလုံးထက်ပို၍ လူပေါင်းများစွာထက်ပို၍ ဂျယ်ယွန်းအတွက်ထူးခြားတယ်...။
~~~~~
လွယ်အိတ်ကိုတင်းတင်းကိုင်ဆွဲလို့ ဂျယ်ယွန်းခြေထောက်လေးဆောင့် နှုတ်ခမ်းလေးဆူမိသည်...။ မလွန်ပါဘူး....သုံးနာရီလောက်ကြာအောင်စောင့်နှင့်နေပီးသားဖြစ်တဲ့ဂျယ်ယွန်းအတွက် ဒီလောက်လေးတော့ငြူစူမိမယ်ထင်တယ်... ဂျယ်ယွန်းရဲ့ စက်ဘီးလေးကတော့ မြေကြီးပေါ်မှာငြိမ်ငြိမ်လေးနေရှာသည်...။
လက်ကနာရီကိုကြည့်လိုက်ရင်း နဖူးပေါ်မှာ သီးနေတဲ့ချွေးတွေကိုသုတ်မိတော့ ဂျယ်ယွန်းရဲ့ အဝါရောင်အကျီလေးက ချွေးရွဲသွားသည်..။
နွေရာသီကိုမုန်းပါရဲ့...။ ပူပြင်းတဲ့ဒေသမှာမွေးလာပေမဲ့ အပူဒဏ်ကိုတော့ သူဟာမုန်းတီးလွန်းတယ်..။
မေမေကပြောတယ် အချစ်ကပိုပူတယ်တဲ့... ဒါပေမ့ဲထိုအချစ်ရဲ့အပူကိုတော့ ဂျယ်ယွန်းကကောင်းကောင်းကြီးသည်းခံနိုင်သည်....။အခုကြည့်လျှင်ပဲ ဒီလောက်ဒုက္ခခံနေနိုင်တာ ချီးကျူးမိသည်...။
အတွေးနဲ့နှုတ်ခမ်းကိုအပေါ်သွားဖြင့်ဖွဖွလေးကိုက်နေတုန်း အောက်ကသူ့ခြေထောက်ကိုလဲခြင်ကကိုက်ခဲနေသည်..။ ရုံးဆင်းချိန်ကကျော်လွန်ရုံပင်မကဘူး ညမိုးချူပ်နေပီကို အဖွဲ့မှူးက အခုချိန်ထိမပြန်သေး...။
ဒီလောက်ထိအလုပ်ကြိုးစားရသလားလို့ပြေးမေးလိုက်ချင်ပေမဲ့ဂျယ်ယွန်းရဲ့သွက်လက်မှုတွေက အဖွဲ့မှူးရှေ့ရောက်ရင် လူဆိုးမြင်လိုက်တဲ့ငါးနှစ်သားလိုမျိုး...ကြောက်ဒူးပါတုန်နေတတ်သည်..။
ချယ်ရီပန်းပင်ကြီးကပွင့်ချပ်လေးတွေကတဖြုတ်ဖြုတ်ကြွေလို့ လှပပေမဲ့ ဂျယ်ယွန်းရင်ထဲမှာတော့မိုးပြိုတော့မည်... ။ တူတူပြန်ချင်လို့ စောင့်ဆိုင်းနေပေမဲ့ ဂျယ်ယွန်းရဲ့သည်းခံစိတ်လေးတွေက တဖြည်းဖြည်းလျှော့နည်းလာနေလေပြီ..။
" ကဲ...အိမ်ပြန်မယ်..."
ဆောင့်ကြောင့်ထိုင်လို့ ဒူးနှစ်ဖက်ပေါ်လက်တင်ကာမျက်နှာအပ်၍ မကျေမနပ်ပွစိပွစိရေရွတ်နေချိန်မှာ ကြားလိုက်ရတဲ့အသံကြောင့်ဖင်ထိုက်ရက်ပင်ပြုတ်ကျသည်...။ သို့ပေမဲ့ ကမန်းကတမ်းထရပ်ကာ တဟီးဟီးရယ်ပြမိပြန်သည်...။