Unicodeပွင့်ဟလာသော မျက်ဝန်းအစုံ။ နာရီအားတချက်ကြည့်မိတော့ ၆နာရီ။ အမြဲတမ်းလိုလို ၆နာရီတိတွင်နိုးထလာတတ်သည်မှာ သူ၏အကျင့်တခုလိုပင်ဖြစ်နေချေပြီ။
တကိုယ်ရေသန့်ရှင်းမှု အားလုံးပြုလုပ်ပြီးနောက်တွင်တော့ ဗီရိုအားဖွင့်ကာ သင့်လျော်မည့်ဝတ်စုံအား လက်ချောင်းသွယ်သွယ်လေးများက ရွေးလို့နေလေသည်။
ဗီရိုတစ်ခုလုံးတွင်ရှိသော အဝတ်များသည် ပုံစံတွေသာကွဲသော အညိုရောင်ဝတ်စုံများသာဖြစ်၏။ အခြားအရောင်များမှာ တစ်ထည်စ၊
နှစ်ထည်စသာရှိသည်။ အတန်ကြာရွေးချယ်ပြီးနောက်တွင်တော့ Suitအညိုရောင်တစ်ထည်အား ဆွဲယူပြီး ဝတ်ဆင်လိုက်တော့၏။လှေကားမှတစ်ဆင့်ချင်း ဆင်းလာသူ၏နောက်တွင် အလင်းတွေများဖြာထွက်နေသလားတောင်ထင်မှတ်ရသည်။ အတော်ပင် ကြည့်ကောင်းလွန်းပါဘိ။
မနက်စာထမင်းဝိုင်းတွင် ကျကျနန ဝင်ထိုင်လိုက်သည့်နောက်တွင်တော့..
"ဒီနေ့နားရက်မဟုတ်ဘူးလား ဘာလို့အလုပ်သွားမှာလဲ "
"ကုမ္ပဏီမှာဖြေရှင်းစရာလေးတွေ ရှိသေးလို့ပါ အမေ"
"လက်အောက်ငယ်သားတွေကို မှာထားလိုက်ရင်ရတာပဲ။ မင်းအဖေ.. ကုမ္ပဏီဥက္ကဌတောင် မသွားတာကို သားက သွားနေသေးတယ်"
"သွားပါစေ မိန်းမရယ်.. အလုပ်အတွေ့အကြုံပိုရတာပေါ့ မဟုတ်ဘူးလား"
"ဟုတ်ပါတယ်.. ကျွန်တော်ကအခုမှ ကုမ္ပဏီ
ဝင်ခါစလေ။ အဖေပေးထားတဲ့ ဒုဥက္ကဌရာထူးကို အချောင်ရခဲ့တာ မဟုတ်ဘူးဆိုတာကို အလုပ်နဲ့သက်သေပြရမှာပေါ့"" ဒါပေါ့.. ငါ့သားပြောတာမှန်တယ်။ တချို့ရှယ်ယာရှင်တွေက ကြည်ကြတာမဟုတ်ဘူး၊ ကြိုးစားပြလိုက်ကွာ"
"ဟုတ်ကဲ့ အဖေ"
"ဟော်.. ဒီသားအဖနှစ်ယောက် တယ်လည်းအတိုင်အဖောက်ညီနေကြပါလား။ ကဲပါလေ ရှိပါစေတော့.. နေ့လည်စာတော့ ပြန်လာစားနော် သား"
အသာအယာခေါင်းခါပြ၍ ..
"Meetingရှိသေးတယ်ဆိုတော့ အဆင်မပြေလောက်ဘူး အမေ.. နောက်နေ့မှပေါ့"