အိမ်ရာနိုးလာသည်နှင့် နန်းတော်မှစာချွန်ရောက်လာသည်မို့ အလန့်တကြားထကာ ခြံရှေ့ပြေးထွက်ရသည်။
စာလာပို့သူရဲမက်လေးဆီမှစာကိုယူ၍ ဖတ်ကြည့်ရာစာထဲတွင်
သူ့အားဘုရင့်အပါးခစားစေဟု ရေးထားသည်။ရဲမက်လေးသည်တစ်ခါထဲလိုက်ခဲ့ရမည်ဆိုသောကြောင့် မျက်နှာကမန်းကတန်းသစ်ခါ ကိုယ်တစ်ခုအဝတ်တစ်ခုနဲ့လိုက်ခဲ့ရသည်။
နန်းတော်အတွင်းယခုမှမြင်ဖူးသည်မို့ သူ့အတွက်အရာအားလုံးဟာ
တစ်သက်လုံးစုပြီးဝယ်ရင်တောင် မဖြစ်နိုင်သည့်တန်ဖိုးကြီးအရာများဖြစ် သေချာတည်ဆောက်ထားသောကြောင့် ဗိသုကာဆရာအားချီးကျူးမိသည်။သူ့အားရဲမက်လေးသည် နေရမည့်နေရာပြပြီးသည်နှင့်ထွက်သွားတော့သည်။
ဒီတစ်ခါတွင်လည်း စပ်စုချင်စိတ်ကထိန်းမရတာကြောင့် လျှောက်ကြည့်နေရင်း ဘယ်ကနေဘယ်လိုဒီအခန်းကိုရောက်သွားလဲမသိပါဘူး ဧရိယာကျယ်လွန်းပြီး မရောက်ဖူးတဲ့နေရာရမို့ မျက်စိလည်ကာ အခန်းတစ်ခုထဲရောက်သွားသည်။ရေသံကြောင့်ဖြေးဖြေးချင်းချောင်းကြည့်တော့ လိုက်ကာသာကာထားပြီး ရေနွေးရေစိမ်နေသော မနေ့ကလူကိုပြန်တွေ့တယ်။သူရင်ထဲမြင်းစီးနေသလိုပင် ဒုန်းဒိုင်းအုန်းခွမ်းနဲ့မြည်နေတာ နှလုံးကြီးကိုပေါက်ထွက်သွားမလိုပင်
ထိုလူရဲ့အပေါ်ပိုင်းကိုအတိုင်းသားမြင်နေရပြီး ရေနွေးငွေ့တွေကြောင့်နီတာရဲလေးဖြစ်ကာလှလွန်းနေသည်။
ကြည့်နေတာကြာသွားသည်ကိုထိုလူထလာမှသတိရကာဘယ်ကိုပြေးပုန်းရမလဲရှာနေစဉ်ဘဲ"ကြည့်လို့ဝရင် ရေသုပ်ဝတ်လေးယူပေးပါအုံးကောင်လေး"
ဘုရားရေအားတဲ့ဘုရားဆင်းကယ်တောင်မရတော့ဘူးဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ သူများရေချိုးနေချိန်ချောင်းကြည့်နေတာလူမိသွားတဲ့အဖြစ်
ဒါနဲ့သူ့ကိုကောင်လေးလို့ခေါ်လိုက်တာလား?သူ့ထက်ငယ်လောက်တဲ့ကောင်လေးဆီကနေလေ
အသက်20ပြည့်ပြီးထိပ်စီးပေါင်းလို့ ဘဝင်မကျဖြစ်နေသူကိုကောင်လေးတဲ့လေ နည်းနည်းတော့ရယ်ရသား'တောင်းပန်ပါတယ်ရည်ရွယ်ချက်ရှိရှိချောင်းကြည့်တာမဟုတ်ပါဘူး
ခွင့်လွတ်ပေးပါ'"စကြည့်ထဲကမျက်တောင်တောင်မခတ်ဘဲ ခေါင်းတစ်ခါခါနဲ့ဖြစ်နေတာသိပါတယ်နော်"
'ဘာလို့ကြည့်နေတာလဲမမေးတော့ဘူးလား'
"ဘာလို့ကြည့်နေတာလဲ"
'လှလို့'
ဖြေလိုက်တော့မျက်နှာတွေနီလာသောအနှီကောင်လေးကို ဆွဲညှစ်လိုက်ချင်စိတ်ကထိန်းမရ။
"ညကျရင် ပန်းခြံထဲလာခဲ့ပါ"
'ဘာ ဘာလို့လဲ'
"သိချင်လို့ ဂျယ်ယွန်းအကြောင်းတွေမေးချင်တယ်အကုန်သိချင်တယ်"
'နာမည်ကိုဘယ်လိုဖြစ်ပြီးသိနေတာလဲ'
"ဂျယ်ယွန်းကတော့ရည်ရွယ်ချက်ရှိရှိချောင်းကြည့်တာမဟုတ်ပေမဲ့
ကျွန်တော်ကတော့ ရည်ရွယ်ချက်ရှိရှိနန်းတွင်းထဲခေါ်လိုက်တာမို့ ဘာလို့ခေါ်လဲသိချင်ရင်လာခဲ့ပေးပါ"'ဟုတ် ဟုတ်ပြီလာခဲ့မယ်အဝတ်ဝတ်လိုက်ပါအုံး
အဆေးပတ်နေမယ်'ဆိုကာထွက်ပြေးလာခဲ့တယ်။
အခန်းဘေးကလူကိုအေးကြည့်မှဘုရင်ကြီးမှန်းသိတော့တယ်
အများပြောသလို အလွန်တစ်မှမီချောတာမှန်ပေမဲ့ သူအတွက်တော့လှတာကပိုလို့တိုးနေသည် အနှီကောင်လေးကလှတယ် သိပ်ကိုလှတယ်။
_______________________________________ညရောက်တော့ပန်းခြံထဲသွားစောင့်နေတုံးမကြာဘူး ကလေးလေးကရောက်လာတယ် ကလေးလေးဆိုတာသူ့စိတ်ထဲသာခေါ်နေခြင်းဖြစ်တယ် သူ့ကိုယ်ပိုင်နာမ်စားလေး။
"လကလှတယ် ဟုတ်တယ်မလား"
'လှတာပေါ့ ဘုရင်ကြီးလိုဘဲ'
"ဆောင်းဟွန်း... ဆောင်းဟွန်းလို့ဘဲခေါ်ပါလား"
'ဆောင်းဟွန်းကဘာလို့နန်းတော်ထဲခေါ်တာလဲ မပြောရသေးဘူးနော်'
"ယွန်းဘက်ကို ကျွန်တော့်နှလုံးသားလေးကယိမ်းနေလို့ ယိမ်းခွင့်ပေးမလား"
![](https://img.wattpad.com/cover/317598659-288-k872866.jpg)