A Lilac Bouquet For You (Final)

706 77 13
                                    

Unicode

"Tae မောင်တို့ ကလပ်မသွားရတာ ကြာပြီဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်သွားကြမလား"

Tattoo artist တစ်ဦးဖြစ်သော Jungkook သည် client နှင့် ချိန်းထားတာမျိုးမရှိသည့်အခါ အားယားနေတတ်တာကြောင့် အခုလည်း Tae တို့ဆိုင်ကောင်တာမှာ ထိုင်ကာ မုန့်တွေစီထည့်နေသော Tae အား ငေးကြည့်နေရင်း အဖော်စပ်လိုက်သည်။

"မောင်ကလည်း ငါအဲ့လိုနေရာတွေမကြိုက်ဘူးဆိုတာ မင်းသိရဲ့သားနဲ့...ပြီးတော့အခုက အရင်လိုမဟုတ်တော့တာမို့ ကလပ်တွေ‌ ဘားတွေသွားတာကို နည်းနည်းဆင်ခြင်ပေးပါလားမောင်ရယ်... ငါ့အတွက်က မင်းဘယ်သွားသွား ဘာလုပ်လုပ်ကိစ္စမရှိပေမဲ့ ပတ်ဝန်းကျင်အမြင်မှာတော့ မကောင်းဘူးလေကွာ"

အိမ်ထောင်သက် တစ်နှစ်တာအတွင်း မောင်က ကလပ်တက်တာတွေရှိပေမဲ့ သုံးလလောက်နေမှ တစ်ခါသာသွားသည်။ သို့သော်လည်း ပတ်ဝန်းကျင်က သို့လောသို့လော ပြောစကားများကိုလည်း ပြန်ကြားနေရသေးတာကြောင့် သိပ်ပြီးအဆင်မပြေလှ..။

"ဒါဆိုမောင်က မသွားရတော့ဘူးဆိုတဲ့ သဘောလား Tae... မောင်သွားရင်တောင် တစ်ယောက်ထဲသွားတာမှမဟုတ်တာ Tae လည်းပါတာပဲကိုကွာ"

"မင်းသွားချင်ရင် တစ်ယောက်ထဲပဲသွား ငါတကယ်မသွားချင်ဘူး... အဲ့ကပြန်လာရင် ငါခေါင်းမူးလွန်းလို့ တခါတလေ ညဘက်‌တွေထထအန်တတ်တာ မင်းမသိဘူး မောင်"

သူ့အတွက်ရော မောင့်အတွက်ရော မကောင်းတဲ့အတွက် သူတကယ်မသွားစေချင်သော်လည်း မောင့်အပေါ်အရမ်းချုပ်ခြယ်သလိုဖြစ်မှာစိုးလို့ မပြောခဲ့ခြင်းသာ..။ ဟိုနေ့ညက ဖေဖေဖုန်းဆက်ပြီး အဲ့လိုတွေမလုပ်ဖို့ မသွားဖို့တားရန်ပြောတာမို့သာ မပြောဘူးလုပ်ထားသော်လည်း ပြောရန်ဖြစ်လာခဲ့သည်။

Jungkook မှာလည်း အခုမှ သိလိုက်ရသောကိစ္စအတွက် အရင်က Tae မလိုက်ချင်ဘဲ အတင်းခေါ်သွားမိတာတွေအပေါ် နောင်တရမိသည်။

"မင်းဘာလို့ မောင့်ကို အရင်တည်းကမပြောခဲ့တာလဲ Tae ရယ်... အခုတော့ မောင့်မှာ လူဆိုးကြီးလုံးလုံးကိုဖြစ်နေရပြီပေါ့"

"ပြောလိုက်ရင် မလိုက်ချင်လို့ သက်သက်မဲ့အပိုတွေပြောနေတယ် ဖြစ်မှာစိုးလို့ မပြောတာပေါ့ကွာ"

𝐀 𝐋𝐢𝐥𝐚𝐜 𝐁𝐨𝐮𝐪𝐮𝐞𝐭 𝐅𝐨𝐫 𝐘𝐨𝐮Where stories live. Discover now