Dandelions တွေ လွင့်သွားတာကိုငေးကြည့်တယ်။
မြေပြင်ပေါ် ပြန်ကျသွားဖို့ သုံးစက္ကန့်၊ငါးစက္ကန့်
အင်း ဘယ်လောက်ကြာမလဲမသိဘူး။သူကြည့်ဖူးတဲ့ ဂျပန်ကားထဲမှာတော့ ဆာကူရာတွေက တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းနဲ့ကြွေကျတယ်တဲ့။ဆာကူရာတွေအားလုံး
ကြွေကျသွားတဲ့အချိန်က ရင်နဲ့အမျှ ချစ်ရတဲ့တစ်စုံတစ်ယောက်ကို
စွန့်လွှတ်ဖို့ လုံလောက်တဲ့အချိန်ပဲ။ခက်တာက သူရင်နဲ့အမျှ ချစ်ရတဲ့သူက ဆာကူရာတွေလို မနူးညံ့
တဲ့သူဖြစ်နေတာပဲ။အဲ့ဒီလူက Dandelions တွေနဲ့တူတယ်။ကိုယ့်
ဘက်က လွှတ်ချလိုက်တာနဲ့အဝေးကြီးကို ပြေးထွက်သွားမဲ့သူ။
ဘယ်တော့မှ ကိုယ့်ဆီကို ပြန်မလာတော့မဲ့သူ။
သွေးအေးလွန်းပါတဲ့သူ...။_______________________________
ဂျွန်ဂယူက သူ့ရဲ့အချစ်ဦးလည်းဟုတ်သလို
အချစ်ဆုံးလည်းဖြစ်တယ်။
သူရဲ့ ပထမဆုံးဆိုတာတွေကလည်း
အဲ့ဒီလူဆီမှာ မြစ်ဖျားခံတယ်။
၀င်သက်ထွက်သက်တိုင်းမှာ အဲ့ဒီသူနာမည်နဲ့
အဆုံးသတ်တယ်။ဘေးပတ်ဝန်းကျင်ကို လျစ်လျူရှုထားရုံသာမက နောက်ဆုံး အိမ်ပေါ်ကနေဆင်းလာတဲ့အထိ အဲ့ဒီသူ တစ်မျက်နှာတည်းနဲ့ သူက အရာရာကို စွန့်လွှတ်ခဲ့တာ။
အချစ်ရူးဆိုတာကို အရင်တုန်းက သူလှောင်ရယ်ဖူးတယ်။
သူကိုယ်တွေ့ကြုံတော့မှ အချစ်နဲ့ပတ်သတ်ရင် လူတွေရူးကြ
တယ်ဆိုတာကိုအောင့်သက်သက်နဲ့လက်ခံလိုက်ရတယ်။
သူဆိုရင် ရူးတဲ့လယ်ဗယ်လ်က ပရိုမက်စ်အဆင့်ထိရောက်နေပြီပဲ။ပထမဆုံးဒိတ်မှာ တူတူကြည့်ခဲ့တဲ့ ရုပ်ရှင်လက်မှတ်ဖြတ်ပိုင်းလေးလည်းသိမ်းထားတယ်။တစ်နှစ်ပြည့် anniversary ကျတော့လည်း သူများတွေနဲ့မတူအောင်ဆိုပြီးသူ့မှာ ချစ်သူစဖြစ်တဲ့ ညခုနစ်နာရီခုနစ်မိနစ်မှာ မီးပန်း ၇၀၇ချောင်း၊အနီရဲရဲနှင်းဆီ ၇၀၇ ပွင့်နဲ့ surprise လုပ်ခဲ့တာ။
ပြောရရင် သူကဂျွန်ဂယူကိုအဲ့လောက်ထိ စောက်ရမ်းချစ်ခဲ့တာ။
-ချစ်ခြင်းတရားတွေအကြောင်းပြောတဲ့အခါ ထာဝရဆိုတာ တကယ်မရှိကြောင်း မင်းသိပါစေ-