" မင်းရဲ့ပန်းစည်းခြောက်ကြီးကိုပဲ တစ်နေကုန်ထိုင်ကြည့်နေတော့မှာလား။ ငါ့အလုပ်ကိုရော ဝိုင်းကူဖို့ သတိရသေးရဲ့လား။ "
ကော်ဖီဆိုင်အတွက် ပြင်ဆင်လိုက်၊ သူ့ပါပါးခေါက်ဆွဲဆိုင်အတွက် ဈေးဝယ်ကူလိုက်နဲ့ တစ်မနက်ခင်းလုံး အလုပ်များနေသော ဂျက်..။ ပုံမှန်ရက်တွေထက် သောကြာနေ့တွေတိုင်း ကော်ဖီဆိုင်က လူပိုစည်တတ်သည်။ ဒီနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် ဝန်ထမ်းတစ်ယောက်က ခွင့်ယူထားတော့ သူ့ရဲ့ဒေါသမျက်စောင်းက ကျွန်တော့်ဘက်သို့ ဦးလှည့်လာသည်။ ဒေါသအိုးလေး ပေါက်ကွဲထွက်မလာခင် အချိုကျွေးပြီး မီးငြိမ်းမှဖြစ်မည်။
" ဟုတ်ပါပြီကွာ..လာပြီ..လာပြီ။ ဆရာဂျက်အလိုကျ ကြက်ဥခေါက်ကူရမလား၊ ဂျုံနယ်ပေးရမလား။ ကိတ်မုန့်တွေထဲ မင်းရဲ့ဒေါသတွေပါသွားရင် လာစားတဲ့သူတွေ ဘယ်လိုအရသာရှိတော့မလဲ။ စိတ်လျှော့ပါကွာ.."
" ရာဇာ..ရာဇာ..လာပါစေဦး။ ကြိုသတိပေးထားရက်နဲ့ သောကြာနေ့ကိုမှ ရွေးပြီးနေမကောင်းဖြစ်ရတာ။ မှတ်လောက်သားလောက်ဖြစ်သွားအောင် ဒီကောင့်ကို လစာလျှော့ပစ်ရမယ်။ "
ရာဇာသည် ဂျက်၏တစ်ဝမ်းကွဲညီ၊ ကော်ဖီဆိုင်အတွက် ဒုတိယမြောက်အရေးပါသူဖြစ်သည်။ သူတို့နှစ်ယောက်က စိတ်တူကိုယ်တူမဟုတ်ပေမဲ့ တစ်စုံတစ်ခုကို ကိုယ်ပိုင်ဉာဏ်သုံးကာ ဖန်တီးချင်သည့် ဝါသနာတော့တူကြသည်။ ဂျက်က မုန့်ဖုတ်သင်တန်းတတ်ကာ ရာဇာက ကော်ဖီနှင့်ပတ်သက်သည့် ဖျော်စပ်နည်းတွေ လေ့လာထားသည်။ သူ့ရဲ့ ဆန်းသစ်တဲ့ကိတ်ဒီဇိုင်းတွေက ဂျက်ရဲ့မုန့်အရသာကို ပိုပြီးပေါ်လွင်စေသည်။ ဆိုင်ဖွင့်ပြီး သုံးလအကြာမှာပဲ ကော်ဖီဆိုင်က လူသိများလာသည်။ ပေါင်းသင်းဆက်ဆံရေးကောင်းသော ရာဇာကြောင့် ဆိုင်က အမြဲလူစည်ကာ ဖောက်သည်တိုးမြဲပင်။
" မင်းလည်း ဘာမဟုတ်တဲ့ ပန်းစည်းလေးကို အဖြစ်သည်းနေ။ ဟိုတစ်ေကာင်က မှတ်မိတာတောင်မဟုတ်ဘူး။ "
ဂျက်တစ်ယောက် ရာဇာ့ကိုပဲ မကျေနပ်တာလား၊ ပန်းစည်းကိုပဲ အမြင်ကပ်နေတာလား မဝေခွဲနိုင်။ ဒီနေ့တော့ ခဏခဏထိုးနေတဲ့ သူ့ရဲ့မျက်စောင်းကြောင့် အရည်ပျော်ကျသွားနိုင်သည်။
YOU ARE READING
ငယ်ချစ်ဦး
Teen Fictionကိုယ့်ရဲ့ မနက်ဖြန်တိုင်းက မင်းပဲညီ ညီ့ရဲ့ သွေးစက်တွေနဲ့ ကိုယ့်ကို ဆက်လက်ရှင်သန်ခွင့်ပြုပါ။ ရဲမိုးခန့် ကိုရဲကို ရှာမတွေ့နိုင်သေးသ၍ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဆိုတဲ့စကား ကျွန်တော့်အတွက် မှားနေဦးမှာပဲ။ စစ်သွေး