Seungmin's Povs:
လေညှင်းလေးတွေရယ် ငှက်လေးတွေတေးဆိုသံရယ်နှင့် ပြည့်စုံနေတဲ့ နေ့တစ်နေ့တစ်ခုရဲ့အစပဲ
Seungminတစ်ယောက် တစ်နေ့က Rika Noona ပြောသည့်သတင်းကြားပြီးကထဲက အပျော်လွန်နေသည်မှာ ကမ္ဘာကြီးတစ်ခုလုံးကို လက်ဝယ်ပိုင်ဆိုင်ထားရသည့်နှယ်
Noonaပြောတဲ့ Projectက ယနေ့မှစတင်မည်ဖြစ်သောကြောင့် Entသို့စောစောလာဖြစ်သည်
ရုံးခန်းထဲ အလုပ်နေရာရောက်တော့ Rika Noonaက အလုပ်ကြိုးစားသူပီပီ သူ့ထက်တောင်စောရောက်နေလေသေးသည်
''Noona အစောကြီးရောက်နေတာပဲ ကျွန်တော်က ကိုယ့်ကိုယ်ကို စောလှပြီမှတ်နေတာဗျာ'' ဟု Seungmin Noonaကိုနှုတ်ဆက်လိုက်တယ်
Noonaကတော့ သူမထုံးစံအတိုင်း အပြုံးချိုချိုလေးဖြင့် ''ဒီနေ့ Seungmoနဲ့အတူ projectအသစ်ကိုင်ဖို့အတွက် Noonaပြင်ဆင်စရာရှိတာလေးတွေ အရင်ဆုံးလာလုပ်နေတာ'' ဟူ၍ သူ့နှုတ်ဆက်စကားအား အကြောင်းပြန်လေသည်.
ထို့နောက် '' Seungmo yah မင်းကြည့်ရတာ
စိတ်လှုပ်ရှားနေတဲ့ပုံပဲ ဘာမှမဖြစ်ဖူး မင်းလုပ်နေကျပုံစံအတိုင်းလေးပဲသွားရင်ရပြီ'' ဟု Noonaကပြောလာလေသည်
စိတ်လှုပ်ရှားနေသောသူ့အား ရိပ်မိသည်ထင်ပါရဲ့ကျွန်တော်လဲ ဟုတ်ကဲ့ပါဗျ ကျွန်တော်အတတ်နိူင်ဆုံး ကြိုးစားသွားပါ့မယ် ဆိုပြီး စိတ်လှုပ်ရှားနေသည်ကို အတတ်နိူင်ဆုံးထိန်းချုပ်လိုက်တယ်
စိတ်ထဲတွင်တော့ Seungminတစ်ယောက်
''ငါခနနေ ဟိုလူကြီးကိုတွေ့ရင် ဘယ်လိုလုပ်ရမလဲ ငါအရင်နှုတ်ဆက်လိုက်သင့်လား အကို့Fanပါလို့ပြောလိုက်ရရင် ကောင်းမလား ဘယ်လိုလုပ်ရမလဲ''ဆိုပြီး အတွေးစုံနေလေရဲ့မကြာခင် ရုံးတတ်ချိန်လဲကျော်သွားပြီမို့ အလုပ်က အကိုအမတွေလဲ ရောက်သင့်သူ ရောက်နေကြပြီဖြစ်လေသည်
Seungmoနဲ့ Rika Noonaလဲ ခနနေ projectအတွက် လုပ်စရာရှိသည်များကို လက်စသတ်နေသည် မကြာခင်အချိန်လေးမှာ သူတို့ meetingစတော့မည်ဖြစ်တယ်လေ
10နာရီထိုးသောအခါ Seungmoနဲ့Noonaလဲ Meetingပြုလုပ်ရာ အခန်းဆီသို့လာခဲ့လိုက်ကြသည်
''Projectတစ်ခုလုပ်မယ်ဆိုရင် ပါဝင်တဲ့လူတွေနဲ့ အရင်ဆုံးရင်းနှီးထားမှ အဆင်ပြေမှာမို့လေ အရင်ဆုံးဒီလို meetingထိုင်ကြတာ'' ဆိုပြီး Noonaက Seungmoမသိသမျှတွေကို ရှင်းပြနေလေသည်
ဘေးမှ ကျွန်တော်Seungmoကတော့ Noonaပြောသည်များကို နားထဲဝင်တာကတစ်ပုံ လေထဲတင်ပျောက်သွားတာကတစ်ပုံ ဖြစ်နေလေသည်
'' ကျွန်တော့်ရဲ့ကမ္ဘာကြီးနဲ့ ဆုံရမယ့်အခိုက်အတန့်ကို စိတ်မလှုပ်ရှားပဲနေတယ်ဆို လိမ်ရာကျသွားမှာပေါ့...... '' Seungmo pov:
မကြာပါ Meeting Roomသို့ ကျွန်တော်တို့နှစ်ယောက် ရောက်လာခဲ့သည်
Meeting Roomအတွင်းတွင်တော့ အခြား အပိုင်းမှ(make up & hair etcပေါ့) အဖွဲ့ဝင်တွေသာ ရောက်ရှိနေကြသေးသည် အဓိကဇာတ်ဆောင်များသည်ကား ပေါ်မလာသေးပေ
ကျွန်တော် နဲ့ Noonaလဲ အကုန်လုံးကို လိုက်နှုတ်ဆက်ပြီး ကိုယ့်နေရာမှာ အသီးသီးနေရာယူလိုက်ကြတယ် တစ်စုံတစ်ယောက်ကိုလဲ စောင့်မျှော်ရင်းပေါ့......
ကြာကြာမစောင့်လိုက်ရပါချေ
အခန်းအပြင်ဘက် မှ စကားပြောသံများနဲ့ ခြေသံအချို့ကိုကြားလိုက်ရသည်
နီးကပ်လာသော ခြေသံများနှင့်အတူ Kim Seungminရဲ့ လက်ဝဲဘက်ရင်ခွင်မှ မီးရထားတစ်စင်း မောင်းနှင်းနေလေရဲ့......
ဒီအချိန်မှာပဲ အခန်းတံခါးကိုဖွင့်သံနဲ့အတူ ဝင်ရောက်လာသည်.......
x x x
Part - 8 Done ~
* * *
ကိုယ်တို့တွေက ကံကြမ္မာအလိုကျအတိုင်းလိုက်နေပေးစရာမှမလိုတာ ကိုယ်တို့နှလုံးသားချင်းနီးနေရင် တော်ပြီလေကွာ.......
YOU ARE READING
Sorry,I Love You 🖤 (Hyunmin,Seungjin)
Romantizmကိုကို့ရဲ့ ဘဝတက်လမ်းအတွက် ထိခိုက်စေမယ်ဆိုရင် ကျွန်တော် ခြေတစ်လှမ်းနောက်ဆုတ်ပါရစေ...... တောင်းပန်ပါတယ် အများကြီးသဘောကျမိခဲ့လို့.....