Hyunjin pov:
Julyလရဲ့ မိုးသည်းထန်စွာရွာနေတဲ့
အချိန်မှာ ကျွန်တော့်ဘဝရဲ့
အလင်းရောင်လေး ကိုတွေ့ခဲ့တယ်။အရမ်းချစ်စရာကောင်းတဲ့သူလေးက
ပန်းနုရောင်သန်းနေတဲ့ ပါးမို့မို့လေးနဲ့
နှုတ်ခမ်းဖူးဖူးလေးနဲ့ပေါ့။အလွန့်ကိုမှ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့
မျက်လုံးပြာပြာဝိုင်းဝိုင်းလေး တွေကြောင့်
ကျွန်တော့်ရဲ့ ကမ္ဘာကြီးကလင်းလက်
သွားသလိုတောင်ထင်ရတယ်။သူ့ရဲ့ လက်သေးသေးလေးတွေ နဲ့
ခန္ဓာကိုယ်သေးသေးလေးကလဲ
ရင်ခွင်ထဲစွဲသွင်းထားချင်စရာလေး
ဖြစ်နေလေရဲ့။ရယ်လိုက်ရင်လဲ ပေါ်လာတဲ့သွားလေးတွေက
ပုလဲလုံးလေးတွေစီထားသည့်နှယ်ပေါ့။ကဲ ကျွန်တော်ချစ်ရတဲ့သူလေးအကြောင်း
ကဗျာဖွဲ့နွှဲ့နေတာနဲ့ ပြောရမှာတောင်မေ့မိတယ်။သူလေးကိုတွေ့ခဲ့တယ့်နေ့က
မှတ်မှတ်ရရ Julyလ7ရက်နေ့။July (7)
Hyunjinတစ်ယောက် julyရဲ့
သည်းထန်စွာရွာနေတဲ့ မိုးကြောင့်
အိမ်တွင်းအောင်းနေခဲ့တယ်။
သူ့ချစ်ရတဲ့ ခွေးလေးရယ်
ပန်းချီးကားချပ်လေးတွေရယ်
ပြည့်နေတဲ့ အခန်းလေးထဲမှာပေါ့။"Kakamiလာပါအုံး ဖေဖေ့နားကို
အရမ်းတွေသူစိမ်းဆန်နေတာပဲကွာ"
hyunjinပြောလိုက်တာကိုပင်
နားလည်သည့်အလား ငေါက်ခနဲထကာ
အပြေးလေးလာနေလေရဲ့။"ဝုတ် ဝုတ် ဝူးးး"
"အေးပါအေးပါ သိပါတယ် ဖေဖေလဲ
ချစ်တာပေါ့ ကလေးလေးကို"ဆိုပြီး
ခေါင်းလေးကိုပွတ်သပ်ပေးနေတဲ့ အချိန်
hyunjinရဲ့ ဝမ်းကွဲအကို yeonjun
ရောက်လာတာတယ်။"Hey hyunjin ဘယ်လိုလဲ။
အိမ်တွင်းအောင်းဖို့ပဲ ကြံနေတာလား""ဒါပေါ့ မိုးတွေရွာနေတာကို လမ်းသလား
ရအုံးမှာလားကွ"မဲ့ရွဲ့ပြီးပြောပစ်လိုက်တယ်။"အေး မင်းဟာမင်း နေချင်လဲနေ ငါတော့ kakamiကို မင်းနဲ့ပေါင်းပြီးပျင်းနေမှာစိုးလို့
လာခေါ်တာ" ခွေးလေးကို ကောက်ပွေ့လိုက်တော့
သကောင့်သားက မဲ့ကာရွဲ့ကာကြည့်နေလေရဲ့။