ချစ်ရသူလေး

499 43 3
                                    

​hyunjinတစ်ယောက် အိပ်ယာက
စောစောနိုးလာခဲ့တယ်။

သူထဖို့အလုပ် သူ့လက်မောင်းတွေကြားမှာ
အိပ်စက်နေတဲ့ကလေးလေးကို
သတိရတော့မှ အောက်ငုံ့ကြည့်လိုက်တော့
သူ့ရင်ဘတ်နားကို မျက်နှာကပ်ပြီး
အိပ်နေတဲ့ ချစ်စရာကြောင်ပေါက်လေး။

"Baby...ထဖို့အချိန်တန်ပြီလေကွာ''
ပြောရင်း နားလေးကိုဖုံးနေတဲ့ဆံနွယ်တွေကို
သပ်တင်ပေးလိုက်တယ်

"ဟင့်အင်း...ထချင်ဘူး'' ခေါင်းလေးကို
ရင်ခွင်ထဲတိုးဝင်ပြီး ချွဲနေတဲ့
ကလေးလေးတစ်ယောက်ပေါ့

"ထပါ... ဒီနေ့ကို အလုပ်နားတယ် ကလေးကို ကစားကွင်းလိုက်ပို့မယ်လေ''

"ဟာ...တစ်ကယ်လား..ကိုကို ချစ်တယ်''
ပြောရင်း hyunjinကိုဆွဲနမ်းလိုက်တယ်

"ကဲ ဒါဆိုထ..ရေချိုးပြီးရင်သွားကြမယ် ဒီနေ့တစ်နေကုန် ကလေးလေးနဲ့ပဲကုန်ဆုံးမယ်''

"ဟုတ် ကိုကို''
__________________<(°-°)>_____________

ရေချိုးပြီးချိန်(ပျင်းလို့ကျော်ချလိုက်တာ အားးးး)

"Baby...သွားကြတော့မလား''

"ဟုတ်ကိုကို....သွားကြမယ်''

သူတို့နှစ်ယောက်မနက်စာစားဖို့ ဆိုင်တစ်ဆိုင်ကို
ထွက်လာခဲ့တယ်။ဆိုင်ကြီးတစ်ဆိုင်ရှေ့မှာ
ကားရပ်လိုက်တော့felixက
hyunjinကိုကြည့်ရင်း

"ကိုကို''

"ဗျ''

"ဒီဆိုင်မှာစားမလို့လား"

"အင်း....ဒီမှာအစားအသောက်ကောင်းတယ်ဆိုလို့"

"ဒါမဲ့လေ..ဒီကစျေးအရမ်းကြီးတာlixသိတယ်။
တစ်ခြားနေရာသွားရအောင်နော် ကိုကို"

"ဒါပေမဲ့...lixကဒီကမုန့်တွေအရမ်းကြိုက်တယ်
မလား။လာပါ ကလေးရဲ့ ကိုကအဆင်ပြေပါတယ်"

"ဟင့်အင်း lixမစားချင်ဘူး....ကိုကိုကြိုးစားရှာထားရတာကို lixအကုန်မသုံးချင်ဘူး''
နှုတ်ခမ်းလေးဆူ လက်လေးပိုက်ပြီး
တစ်ခြားဘက်လှည့်သွားတဲ့
ချစ်စရာကလေးလေး စိတ်ကောက်သွားပြီ။

"ကလေးလေးရေ.....ကိုကို့ကိုကြည့်ပါအုံး။''
Hyunjinလဲ lixမျက်နှာလေးကို
သာသာလေးဆွဲလှည့်ပြီး ပါးလေးတွေကို
ဖြစ်ညှစ်လိုက်တယ်
"Lixလေး မိဘတွေနဲ့နေတုန်းက ဝဝဖောင်းဖောင်းလေးဖြစ်ပြီး ကိုယ့်ဆီရောက်လာမှ
ပါး​လေးပိန်သွားမယ့် အဖြစ်ကို​တော့
ကိုယ်အဖြစ်မခံနိုင်ဘူးကွာ''

The artist & the angel(Completed)Where stories live. Discover now