53

1 0 0
                                    

#ညီလေးတို့အတွက် အဲကွန်းအအေးပေးစနစ်သုံး
အပူစုပ်ဓာတ်ငွေ့ (Refrigerant)များအကြောင်း
နဲ့ ဂက်စ်တွေ အမျိုးအစားအလိုက် ဂက်စ်ဖြည့်ရာမှာ
ဆောင်ရန်ရှောင်ရန်အနည်းအကျဉ်း

Refrigerant ဆိုတာ အအေးပေးစနစ်
နဲ့အဲကွန်းတွေမှာ
အပူဖလှယ်ဖို့အတွက် ကြားခံအဖြစ်အသုံးပြုတဲ့
ဘယ်ဓာတ်ငွေ့တွေကိုမဆို ခေါ်ဆိုတဲ့အခေါ်အဝေါ်ပါ။

ဓာတ်ငွေ့တမျိုးကိုအြ ပင်မှာဘယ်လိုနံမည်နဲ့
ခေါ်ဝေါ်နေပါစေ အဲကွန်းနဲ့အအေးပေးစနစ်ရဲ့ပိုက်လိုင်းစနစ်ထဲကိုထည့်ပြီး အပူဖလှယ်တဲ့နေရာမှာသုံးပြီဆိုရင် အဲဒီဓာတ်ငွေ့နံမည်နဲ့မဟုတ်တော့ပဲ
Refrigerant လို့ပဲနံပါတ်တခုသတ် မှတ်ပြီး
ခေါ်ပါတော့တယ်။

ဥပမာ ။ အမိုးနီးယားဓာတ်ငွေဆိုပါတော့
ဓာတုဗေဒနံမည်နဲ့ခေါ်ရင် အမိုးနီးယား(NH3)
လို့ခေါ်ပေမယ့် အအေးပေးစနစ်ထဲမှာသူ့ကို
အပူဖလှယ်တဲ့ဂက်စ်အဖြစ်သုံးလိုက်တာနဲ့
R-717 ဆိုတဲ့နံမည်နဲ့ပေးပြီးခေါ်ပါတယ်။
ရှေ့ဆုံးစာလုံး R-ဆိုတာ Refrigerant ကိုညွှန်းတာပါ။
Rfrigerant အမျိုးအစား
အများကြီးရှိပါတယ်။

နောက်ပြီး သဘာဝဓာတ်ငွေ့တမျိုးဖြစ်တဲ့ မီးဖိုတွေမှာသုံးတဲ့ Butane(ဗျူတိန်း) ဓာတ်ငွေ့အုပ်စုဆိုရင်လည်း ရေခဲသေတ္တာတွေမှာ သုံးပါတယ်။
ပုံမှန်အပြင်မှာဆိုရင် ဗျူတိန်းလို့ခေါ်ပေမယ့်
ရေခဲသေတ္တာထဲရောက်သွားတော့
R-600 ဂက်စ်လို့ခေါ်ပါတယ်။

သံကြေးသတ္ထုဂဟေဆော်ရာမှာသုံးတဲ့ Propane ဆိုရင်
R-290 လို့အမည်သတ်မှတ်ထားပြီး တဖြည်းဖြည်းပိုပြီးအသုံးများလာပါပြီ။

(အဲဒီ ဓာတ်ငွေ့တွေကို မီးလောင်လွယ်မှုမြင့်မားကြောင်းသင်္ကေတ A ဆိုတာနဲ့ဖော်ပြထားလေ့ရှိပါတယ်။)

ဓာတ်ငွေ့တွေရဲ့မီးလောင်လွယ်မှုကို
A1..A2L စသဖြင့်နံပါတ်နဲ့ဖော်ပြပါတယ်။နံပါတ်ကြီးလေ...
မီးလောင်လွယ်လေပါ။
1, 2L, 2 နဲ့ 3 ဆိုပြီး အဆင့်အလိုက်သတ်မှတ်ဖော်ပြထားပါတယ် ဂဏန်းကြီးလေ မီးလောင်လွယ်လေပါ
နံပါတ် 1 အဆင့်က
ဓာတ်ငွေ့ယိုစိမ့်လို့ ထွက်လာတဲ့ဓာတ်ငွေ့ရဲ့
အမြန်နှုန်း တစက္ကန့်ကို တစ်ဆယ်စင်တီမီတာ
10cm/s ထက်ငယ်မှ မီးလောင်မယ်လို့ဆိုပါတယ်။
ဂက်စ်အမျိုးအစားအလိုက် မီးလောင်လွယ်မှု၊အဆိပ်အတောက်ဖြစ်နိုင်မှု A နဲ့ Bကို အောက်မှာ ဇယားနဲ့ပြပေးထားပါတယ်။)

All About MEPWhere stories live. Discover now