| 𝖥 𝗈 𝗎 𝗋

926 162 55
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

" သားသားငယ် "

" တကယ်ပြီးပါပြီလို့၊ မေမေရဲ့။ "

ငါးကြိမ်မြောက် ခေါ်တော့မှပဲ လှေကားပေါ်ကနေ ပြေးဆင်းလာသည်မှာ လုံးတုံးတုံးလေး။ ဂျုံဆောင်းက မြင်တော့ ​မထိန်းသိမ်းနိုင်အောင်ပဲ အသည်းအသန် လှမ်းအော်ရှာသည်။

" ဘာလို့ ပြေးဆင်းလာတာလဲ။ ​ဖြည်းဖြည်းလာတာမဟုတ်ဘူး။ "

လေသံက မဆိုသလောက် မာနေတော့ အဆူခံရမှာ စိုးနေသော ကလေးက မျက်နှာချိုသွေးတဲ့အနေနဲ့ ဟီးခနဲ ရယ်ပြသည်။ စကားနားမထောင်တဲ့ ကလေးအား ဆူချင်စိတ်တို့က ဂျုံဆောင်းဆီ၌ ရှာလို့ရတော့မည်မထင်။

" တော်သင့်ရုံပဲ ပျော်ခဲ့နော်။ ဂျုံဆောင်းတို့ကို အခက်တွေ့အောင် မလုပ်နဲ့။ "

" သားကို ကလေးသေးသေးလေးများ မှတ်နေသလား၊ မေမေရယ်။ သားက အရွယ်ရောက်နေပါပြီ။ "

ဆူပုတ်ပုတ်လေး ပြောလာတော့ မိခင်ဖြစ်သူက ဆံပင်တွေကို လက်နဲ့အသာဖိပေးလျက်၊ ခပ်ဟဟသာ ရယ်သည်။ အရွယ်ရောက်ပြီဆိုသည့် ကောင်ကလေးက သူ(မ)တို့နဲ့ စကားပြောတိုင်း ' တသားသား ' နဲ့။ ' သား ' ဆိုတာအား ပါးစပ်ဖျားကတောင် ချတာမဟုတ်။ သူက အရွယ်ချင်ရောက်နေပြီဆိုတော့လည်း အရွယ်ရောက်နေပြီလို့ပဲ ထားလိုက်ပါတော့လေ။

" ဒါနဲ့ ဘောင်းဘီက ... ? "

သားအမိနှစ်ယောက်က ဂျုံဆောင်းကို ကြည့်လာကြသည်။ ထို့အတူ ဘေးက ယောလ်ဂျယ်တို့လည်း ထိုနည်းတူပင်။ ဂျောင်ဝန်းကိုသာ ကြည့်နေသည့် ဂျုံဆောင်းဆီမှ ထပ်ထွက်လာမည့် စကားတို့ကို သူတို့ စောင့်နေကြပေမဲ့ ...

" ဘာမှမဟုတ်တော့ဘူး။ "

ဆိုသည့် တစ်ခွန်းတည်းနဲ့သာ ဂျုံဆောင်းက ဖြတ်ချပစ်လိုက်၏။ တကယ်က ပြောစရာရှိနေသေးမှန်း ဂျောင်ဝန်း သိပေမဲ့၊ တည်တင်းထားသည့် နှုတ်ခမ်းပါးတို့ကို မြင်တော့ သူ ဘာမှမမေးရဲတော့ပြန်။

-

" ဂျောင်ဝန်းက အနောက်မှာ လာထိုင်။ "

ပုံမှန်ဆို ဂျုံဆောင်းက မောင်းနေကျပေမဲ့၊ ဂျယ်ယွန်းလည်း ပါလာတာမို့ သည်တစ်ခေါက်တော့ ဂျယ်ယွန်းက မောင်းသည်။ ဂျယ်ယွန်းဘေးမှာ ထိုင်နေတဲ့ ဂျောင်ဝန်းက ဂျုံဆောင်းစကားကို ကြားတော့ ချက်ချင်း ရောက်လာသည်။ ဂျုံဆောင်းဘေးမှာက ယောလ်ဂျယ်ရှိနေတာမို့ ဂျောင်ဝန်းက ယောလ်ဂျယ်ဘေးမှာသာ ဝင်ထိုင်၏။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now