ဆောင်းဦးရာသီညဖြစ်နေသောကြောင့် နှင်းဖတ်များက ပြတင်းမှန်ကို ရိုက်ခတ်နေလျက်ရှိသည်။အပြင်ဘက်မှ ဆောင်းနှင်းများကြောင့် အေးခဲနေသော်လည်း အိမ်ထဲမှာတော့ မီးလင်းဖိုကြောင့် တောက်ပကာ နွေးထွေးနေ၏။
အခန်းလေးတစ်ခုထဲတွင် ကလေးလေးများက တစ်ခုခုကိုစိတ်ဝင်တစားကြည့်ရှုနေကြသည်။သူတို့၏ မျက်ဆံနက်များက စိတ်အားထက်သန်မှုကြောင့် အရောင်တလက်လက်....သူတို့၏မျက်ဆံအိမ်တွင်တော့ လူတစ်ဦး၏ပုံရိပ်သာရောင်ပြန်ဟပ်နေသည်။
ထိုင်ခုံပေါ် က အဘွားအို....
ထိုအဘွားအိုက ရှေ့တွင်ဆံမြိတ်ကို အရေးကြောင်းတွန့်နေသော လက်ဖဝါးဖြင့် တစ်ချက်ဖိလိုက်ကာ" မနေ့တုန်းကပုံပြင်က ပြီးသွားပြီဆိုတော့ နောက်တစ်အုပ်ဖတ်ပြပါတော့မယ် "
" ဟုတ်ကဲ့ပါ "
ကလေးများက သံပြိုင်ဟစ်အော်လိုက်ပြီး ပုံပြင်ကို နားထောင်ရန်အဆင်သင့်ဖြစ်စွာ ကိုယ်လေးတွေကိုပြင်ဆင်လိုက်ကြသည်။
အဘွားအိုက သူမလက်ထဲက သားရေအနက်ဖြင့် ဖုံးအုပ်ထားသော်လည်း အနက်ရောင်အလိတ်များအလိတ်လိတ်ကွာနေသော စာအုပ်ဖုံးလေးကို လက်လေးဖြင့် ငြင်သာစွာပွတ်သတ်လိုက်သည်။" ဒီတစ်ခါ ဘွားဘွားဖတ်ပြမှာက နေ့စဉ်မှတ်တမ်းတစ်ခုဘဲ ကောင်မလေးတစ်ယောက် ငယ်ဝကနေ ကြီးဘဝအထိ ရေးမှတ်ခဲ့တဲ့ သူမရဲ့နေ့စဉ်မှတ်တမ်းလေးပေါ့ "
အဘွားအိုက သူ့ကိုမော့ကြည့်နေသောကလေးများကို တစ်ချက်ဝဲကြည့်ကာ
" ပထမ ဆုံးစာရွက်ကို စလှန်ကြအောင် "
အဘွားအိုက မင်အနက်ဖြင့် ရေးထားသော ခပ်သေးသေးလက်ရေးများကို စူးနစ်စွာကြည့်လိုက်ပြီး ခပ်တိုးတိုးစတင်ဖတ်ပြလိုက်သည်။
" 8/16/1983
တွေ့ရတာ ဝမ်းသာပါတယ် စာအုပ်လေး.... ငါ့နာမည်က Jennie ruby janeပါ..နာမည်က ရှည်တယ်မလား.. အတိုကောက် nini လို့ပဲ သတ်မှတ်ကြတာပေါ့...."
အဘွားအိုရဲ့ လက်ချောင်းများက စတင်တုန်ယင်လာကာ စာအုပ်သားပေါ်ရှိစာသားများ တဖြည်းဖြည်း ဝေးကွာသွားသလို့ မျက်လုံးများကလည်း မှုန်မှိုင်းဝေ့ရီလာသည်။
YOU ARE READING
𝓙'𝓼 𝓓𝓲𝓪𝓻𝔂 《οиє ѕнοτ》
Fanfiction" ညစ်နွမ်းနွမ်း diaryစာအုပ်လေးပေါ်က dandelion ပန်းပွင့် လေးတစ်ပွင့်က သိပ်လှတာ.... ငါက diaryလေးဆို သူမက Dandelionပန်းလေးပေါ့..... " " အင်းးး... Diaryလေးကလည်း အချိန်ကြာလာရင် ပျက်စီးဆွေးမြေ့သွားမှာဖြစ်သလို dandelionပန်းလေးကလည်း အချိန်တန်ရင် ကြွေလွင့်...