J's Diary

2K 147 19
                                    

ဆောင်းဦးရာသီညဖြစ်နေသောကြောင့် နှင်းဖတ်များက ပြတင်းမှန်ကို ရိုက်ခတ်နေလျက်ရှိသည်။အပြင်ဘက်မှ ဆောင်းနှင်းများကြောင့် အေးခဲနေသော်လည်း အိမ်ထဲမှာတော့ မီးလင်းဖိုကြောင့် တောက်ပကာ နွေးထွေးနေ၏။

အခန်းလေးတစ်ခုထဲတွင် ကလေးလေးများက တစ်ခုခုကိုစိတ်ဝင်တစားကြည့်ရှုနေကြသည်။သူတို့၏ မျက်ဆံနက်များက စိတ်အားထက်သန်မှုကြောင့် အရောင်တလက်လက်....သူတို့၏မျက်ဆံအိမ်တွင်တော့ လူတစ်ဦး၏ပုံရိပ်သာရောင်ပြန်ဟပ်နေသည်။

ထိုင်ခုံပေါ် က အဘွားအို....
ထိုအဘွားအိုက ရှေ့တွင်ဆံမြိတ်ကို အရေးကြောင်းတွန့်နေသော လက်ဖဝါးဖြင့် တစ်ချက်ဖိလိုက်ကာ

" မနေ့တုန်းကပုံပြင်က ပြီးသွားပြီဆိုတော့ နောက်တစ်အုပ်ဖတ်ပြပါတော့မယ် "

" ဟုတ်ကဲ့ပါ "

ကလေးများက သံပြိုင်ဟစ်အော်လိုက်ပြီး ပုံပြင်ကို နားထောင်ရန်အဆင်သင့်ဖြစ်စွာ ကိုယ်လေးတွေကိုပြင်ဆင်လိုက်ကြသည်။
အဘွားအိုက သူမလက်ထဲက သားရေအနက်ဖြင့် ဖုံးအုပ်ထားသော်လည်း အနက်ရောင်အလိတ်များအလိတ်လိတ်ကွာနေသော စာအုပ်ဖုံးလေးကို လက်လေးဖြင့် ငြင်သာစွာပွတ်သတ်လိုက်သည်။

" ဒီတစ်ခါ ဘွားဘွားဖတ်ပြမှာက နေ့စဉ်မှတ်တမ်းတစ်ခုဘဲ ကောင်မလေးတစ်ယောက် ငယ်ဝကနေ ကြီးဘဝအထိ ရေးမှတ်ခဲ့တဲ့ သူမရဲ့နေ့စဉ်မှတ်တမ်းလေးပေါ့ "

အဘွားအိုက သူ့ကို‌မော့ကြည့်နေသောကလေးများကို တစ်ချက်ဝဲကြည့်ကာ

" ပထမ ဆုံးစာရွက်ကို စလှန်ကြအောင် "

အဘွားအိုက မင်အနက်ဖြင့် ရေးထားသော ခပ်သေးသေးလက်ရေးများကို စူးနစ်စွာကြည့်လိုက်ပြီး ခပ်တိုးတိုးစတင်ဖတ်ပြလိုက်သည်။

" 8/16/1983

တွေ့ရတာ ဝမ်းသာပါတယ် စာအုပ်လေး.... ငါ့နာမည်က Jennie ruby janeပါ..နာမည်က ရှည်တယ်မလား.. အတိုကောက် nini လို့ပဲ သတ်မှတ်ကြတာပေါ့...."

အဘွားအိုရဲ့ လက်ချောင်းများက စတင်တုန်ယင်လာကာ စာအုပ်သားပေါ်ရှိစာသားများ တဖြည်းဖြည်း ဝေးကွာသွားသလို့ မျက်လုံးများကလည်း မှုန်မှိုင်းဝေ့ရီလာသည်။

𝓙'𝓼 𝓓𝓲𝓪𝓻𝔂 《οиє ѕнοτ》Where stories live. Discover now