Bb

465 60 16
                                    

Buildညဘက်​​ရေဆာလို့နိုးလာခဲ့တယ်
​ဘယ်ဘက်​ခေါင်းရင်းနားမှာဖွင့်ထားတဲ့မီးအိမ်​ဖက်လှည့်ပြီးဘေးကနာရီကိုတစ်ချက်ကြည့်လိုက်တာ

"3:00ပဲရှိ​သေတယ်"

Buildနာရီကြည့်ရင်းနဲ့မျက်လုံးကအခန်းတစ်ခုလုံးကိုလိုက်ကြည့်လိုက်တယ်၊

"ဟမ်းဘယ်​နေရာလဲဘယ်သူအခန်းကြီးတုန်း"

"Buildလန့်ပြီးအိပ်ရာထဲကချက်ချင်းကုန်းထလိုက်တယ်၊သူထလိုက်တဲ့ချိန်​ဘေးဘက်ကလှုပ်သွားတဲ့အတွက်​ကြောင့်ချက်ချင်းကြည့်မိလိုက်​တော့​အလင်းရောင်တဲတဲ​လေးရ​နေတဲ့မျက်နှာတစ်ခြမ်းကို​တွေ့သွားတယ်​မှောက်ခုံအိပ်​နေပြီးသူဘက်လှည့်ထားတဲ့​အေးချမ်းတဲ့မျက်နှာတစ်ခြမ်းကိုမြင်လိုက်ရတယ်။

"ချီးး​သေစမ်း၊အတည်ကြီးလားကွ"
Buildသူအိမ်မက်မက်​နေတယ်ထင်ပြီး​ခေါင်းခါတယ်မျက်နာကိုဆွဲစိတ်ကြည့်တယ်။

"နာတယ်ဟမဖြစ်နိုင်တာဒါအိမ်မက်ပဲဖြစ်ရမယ်ဟုတ်လားမဟုတ်လားစမ်းကြည့်ရမလား"

Buildတစ်ယောက်သူဘာသာတစ်ယောက်ထဲ​မေးပြီးတစ်​​ယောက်ထဲခေါင်းညိတ်​ခေါင်းခါနဲ့အလုပ်ရှုပ်​နေတယ်။

"မသိဘူးဟာမစမ်းရရင်ကိုထပ်အိပ်​ပျော်မှာမဟုတ်ဘူး၊စိတ်​လေး​ကျေနပ်သွား​အောင်နည်းနည်း​တော့စမ်းလိုက်မယ်​လေ"

Buildရဲ့ညာဘက်လက်က​အေချမ်းစွာအိပ်​ပျော်​နေတဲ့bibleရဲ့ပါး​ပေါ်ကျဆင်း​နေတဲ့ဆံပင်​လေးကိုဖွဖွ​လေးသပ်​သင်​ပေးလိုက်တယ်။

"တစ်ကယ်ကြီးကျွန်​တော်ကိုအိမ်​ခေါ်လာတယ်​ပေါ့​လေခင်ဗျာဟာ​လေ
အိပ်​နေတာ​တောင်ပြည့်စုံရမယ်လို့ဘယ်သူ​ပြောလဲ၊ဘုရားကခင်ဗျာကိုပြည့်စုံစွာထုဆစ်ဖန်ဆင်းဖို့အချိန်ဘယ်​လောက်​တောင်ယူလိုက်ရလဲ"

Buildရဲ့လက်ကမသိလိုက်ပါပဲbibleရဲ့မျက်ခုံးက​နေတစ်ဖြည်းဖြည်း​လျော့ဆင်းလာပြီး​ဘေးတိုက်စင်း​နေတဲ့နှာခေါင်း​လေးကိုဖွဖွ​လေးထိပြီးဆင်းလာခဲ့တယ်​နောက်ဆုံနှုတ်ခမ်း​နားရောက်တဲ့ချိန်မှာရပ်သွားတယ်။

"မသိ​လောက်ပါဘူး"
Buildသ​ဘောတစ်ကျနဲ့ပြုံးမိတယ်ပြီး​တော့နှုတ်ခမ်း​ပေါ်လက်ညိုး​လေးနဲ့ဖွဖွ​လေးပွတ်ဆွဲသွားတယ်။

BlackBuildWhere stories live. Discover now