"ငါ မင်းကို သိပ်မုန်းတယ် Jaemin"
"ငါကတော့ မင်းကိုချစ်တယ်လေ"
"မင်း...."
"ထိုးမလို့လား....ထိုးလေ"
မျက်စိမှိတ်ကာ သူ့ကိုထိုးဖို့ မျက်နှာရှေ့တိုးပေးလာတဲ့ Jaemin ကို Renjun တကယ်ပဲ ထိုးပစ်လိုက်သည်။
"အ..."
"ဘယ်လိုလဲ ချစ်ချင်သေးလား"
"ဟားဟား....ပိုတောင် ချစ်ချင်သွားပြီ ဘယ်လိုလုပ်ရမလဲ"
"ပြောလေကဲလေပဲ....မင်းက"
"ချစ်တာကိုကွ"
"အေး ငါကတော့ မုန်းတယ် Jaemin အရင်လို ရန်သူပဲ ဆက်လုပ်ကြမယ်"
"...."
Renjun က တမင်ပင် တွန်းတိုက်ခါ အဲ့နေရာကနေ ထွက်သွားတော့သည်။
Renjun က Design Department က နာမည်ကြီး ဖြစ်သလို Jaemin ကလဲ Media Department က နာမည်ကြီး ဖြစ်သည်။ ပြီးတော့ Renjun နဲ့ Jaemin ဆိုတာ ဒီကျောင်းရဲ့ ရန်သူတွေဆိုတာ လူတိုင်းအသိဖြစ်သည်။
ပြောရတာ ကလေးဆန်ပေမဲ့ သူတို့ဟာငယ်စဉ်ကတည်းကပင် မတည့်ကြသူတွေဖြစ်ကြပြီး မုန့်တစ်ခုကနေ စလို့ ရန်သူတွေဖြစ်သွားတာဖြစ်သည်။
သူတို့ နှစ်ယောက်လုံးနဲ့ အနီးကပ်နေလာတဲ့ ကျွန်တော်ကတော့ အခုချိန်ထိတောင် ကြားနေလုပ်နေရမြဲ။ ကျွန်တော့် နာမည်ကတော့ Donghyuck.
အဲ့ဒီနေ့က....။
"အား...."
တူတူလမ်းလျှောက်လာနေတုန်း ဘေးက Renjun ရဲ့ အော်သံကြောင့် ကြည့်လိုက်တော့
ဝင်တိုက်သွားပေမဲ့ တစ်ချက်တောင် လှည့်မကြည့်ပဲပြေးသွားတဲ့ Jaemin.Renjun ရဲ့ ရေခဲမုန့်လေးကတော့ ကြမ်းပြင်ပေါ်မှာ ပြုတ်ကျရက်သား။
"ကုန်ပါပြီ ငါဘယ်လိုတောင် တိုးတိုက်ဝယ်လာခဲ့ရတဲ့ နောက်ဆုံးရေခဲမုန့်လေးလဲ"
"မနက်ဖြန် ငါပြန်ဝယ်ကျွေးပါ့မယ် စိတ်မကောင်းမဖြစ်ပါနဲ့"
"တိုက်တာက Jaemin လေ မင်းက ဘာလို့ကျွေးမှာလဲ"
"ဟိုက ပြုတ်ကျတာတောင် သိမှာမဟုတ်ဘူး"
"မသိရင် သိအောင်လုပ်မယ် မင်း ကျွေးစရာမလိုဘူး"
"Ren...."