"ဒေါက် ဒေါက် "
တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ လူကြောင့် မျက်လုံးပြူးသွားရသည်။
"Hi , Renjun "
"ဘာလာလုပ်တာလဲ"
"ဒီနေ့ကစပြီးတော့ ဒီအခန်းမှာ လာနေမဲ့ Na Jaemin ပါ "
"ဘယ်သူ့သဘောနဲ့လဲ"
"အဆောင်မှူးရဲ့ သဘောပါ"
"မရဘူး ငါသွားပြောမယ်"
"သဘောပါဗျာ "
အဆောင်မှူးကိုသွားပြောတော့လဲ ပါးစပ်ညောင်းတာပဲ အဖက်တင်သည်။
"ကဲ...ဘယ်လိုလဲ"
"ငါကတော့ မင်းနဲ့မနေနိုင်ဘူး အပြင်မှာ ပြောင်းနေမယ်"
"သေချာစဉ်းစားပါဦး Renjun ရဲ့ အခုချိန် စရိတ်တွေကကြီးကကြီးနဲ့ ဘယ်လိုနေမှာလဲ မင်းအချိန်ပိုင်းတွေအများကြီးလုပ်ရမှာနော်"
"မင်းနဲ့နေရမှာထက်စာရင် အချိန်ပိုင်းပဲ ပိုလုပ်လိုက်မယ်"
"မင်း ငါ့ကို အဲ့လောက်တောင် မုန်းလား Renjun "
Jaemin ရဲ့ ရုတ်တရက် ဆွဲလှည့်လိုက်တဲ့ အရှိန်ကြောင့် ယိုင်သွားတဲ့ ကျွန်တော့်ကို သူကပဲထိန်းပေးလိုက်တာကြောင့် ဟန်မပျက်လေး သူနဲ့မျက်နှာချင်းဆိုင် စကားပြောဖို့ ရပ်လိုက်သည်။
ကျွန်တော့်ကို သေချာစိုက်ကြည့်နေတဲ့ Jaemin ရဲ့ မလိမ်ညာဘူးလို့ ထင်ရတဲ့မျက်လုံးတွေကို အရင်ကတခါမှမမြင်ဖူးပါ။ အမြဲမုန်းဖို့ကောင်းတဲ့သူက ဒီနေ့ကျမှ မုန်းစရာကောင်းမနေခဲ့ဘူး။
"အင်း"
"ငါတို့ အရင်ကဖြစ်ခဲ့တာကြောင့်လား"
"မဟုတ်ဘူး...ဒီတိုင်းကို မုန်းတာ မင်းကမုန်းဖို့ကောင်းတယ် Jaemin"
"မဟုတ်သေးဘူးလေကွာ....တကယ်လို့အရင်က ကိစ္စကြောင့်မဟုတ်ရင် မင်းငါ့ကို မုန်းစရာမှ မရှိတာ မဟုတ်ဘူးလား....ငါတို့ သူငယ်ချင်း လုပ်ရအောင်နော်"
"မင်းလဲ ငါ့ကို မုန်းတာပဲမလား ဘာလို့ အခုမှ ရှုပ်ထွေးချင်နေရတာလဲ "
"ငါမင်းကို ဘယ်တုန်းကမှမမုန်းခဲ့ဘူး Renjun....ဒီတိုင်း မင်းငါ့ကို မုန်းနေတယ်လို့ ခံစားရလို့ အဝေးမှာ နေပေးနေတာ"