Intro

515 60 2
                                    

A/N
Kris နဲ့ Chanyeol နဲ့ အကြောင်းကို Fic ထဲမှာ ထည့်ရေးဖြစ်မှာ မဟုတ်လို့် Intro ဆိုပြီး သပ်သပ်ထပ်တင်လိုက်ပါတယ်
သူတို့ဘဝ နောက်ခံအကြောင်းလေးပါ

@ @ @ @ In your EYES @ @ @ @

Wu Yifan (or) Kris

China က နာမည်ကြီး Wu Group Company ရဲ့ အမွေဆက်ခံသူ ဒိတ်ဒိတ်ကြဲ ချမ်းသာတဲ့ သူဌေးသားတစ်ယောက်

သူ့ Mama က Korean
Papa က Chinese
ဒါကြောင့်လည်း Korea စကားရော Chinese စကားရော ကျွမ်းကျွမ်းကျင်ပြောတတ်တယ်
သူ ဆယ်နှစ်လောက်က သူ့ Mama ဆုံးသွားတော့ Mama ကို သတိရအောင်လို့ ဆိုပြီး Korean လိုပဲ ပြောတော့တယ်
Chinese လိုကလည်း မပြောမဖြစ်လို့မှ ပြောတာ
သူ့ Bodyguard ကအစ အိမ်မှာ အလုပ်လုပ်တဲ့ လူအဆုံး Korean တွေချည်းပဲ

သူ့ Mama ဆုံးသွားတုန်းက Kris တစ်ယောက် Mama ကိုတွေ့ပါတယ်ဆိုပြီး မိုးရေထဲ ပြေးထွက်ပြီး လိုက်သွားတယ်လေ
အိမ်ကလူတွေ လိုက်ရှာတော့မှ မိုးရေထဲမှာ တုန်ပြီး မေ့လဲနေတာ
ပြန်သတိရလာတော့လဲ သူ့မျက်လုံးထဲမှာ သူမသိတဲ့သူတွေ သူမမြင်ဘူးတဲ့ နေရာတွေ ရောက်နေပါတယ်ဆိုပြီး သောင်းကျန်းတာ ခဏခဏ
အထူးကုတွေနဲ့ပြ စစ်ဆေးတာတွေ အမျိုးစုံလုပ်တော့လဲ ဘာရောဂါမှ မတွေ့
ဆရာဝန်တွေတောင် လက်လျှော့လိုက်ရတယ်
သူအဲ့ဒီလို တစ်နှစ်လောက်ဖြစ်ပြီးတော့ အပြင်းဖျားတယ်လေ
အဖျားလည်းပျောက်သွားရော လူက ပုံမှန်အတိုင်းပြန်ဖြစ်သွညးတယ်
ဒါပေမယ့် အရင်တုန်းကနဲ့ မတူတော့ပဲ စကားလည်းသိပ်မပြောတော့ဘူး
တစ်ယောက်တည်းပဲ နေတာများတယ်

သူဌေးသားဆိုတော့ အပေါင်းအသင်းက သိပ်မရှိ တစ်နှစ်လောက် ပတ်ဝန်းကျင်နဲ အဆက်အသွယ်ပြတ်သွားတော့လဲ အပေါင်းအသင်းက ပိုနည်းသွားတာပေါ့
ဒါကြောင့်မို့လဲ လူတိုင်းက ရှိန်တဲ့ Cold guy တစ်ယောက် ဖြစ်နေတာပေါ့
သူရဲ့ အခင်ဆုံး သူငယ်ချင်းကတော့ Yixing

Kris က ကျောင်းမှာတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်
ကောင်မလေးတိုင်းတိုင်းကို ရင်ခုန်အောင် လုပ်နိုင်တဲ့ King တစ်ယောက်ပေါ့

သူ့ချစ်သူကတော့ Zitao
Panda Company ရဲ့ သူဌေးသမီးလေး
သူ့အပေါ်ကိုဆိုရင် အနစ်နာခံပြီး ချစ်ပေးတဲ့ ချစ်သူတစ်ယောက်

In your EYES....Where stories live. Discover now