EP(22)

1.5K 133 7
                                    

Unicode

​နေ့လည်ခင်း၏​နေ​ရောင်ခြည်ကပြင်းလှ၏ သို့​သော် hala​တောင်၏ပတ်ဝန်းကျင်သည်  သစ်ပင်ပန်းမန်များဖြင့်လှပတင့်တယ်​နေ၏ ၊ ထင်ရှူးပင်တန်းများ ချယ်ရီပင်တန်းများနှင့်နှက်​နေ၏ ၊ hala​တောင်သည် တစ်ကယ့်သဘာဝအလ​ှတရားများနှင့်ပြည့်နှက်​နေသလုိ အန္တာရယ်လည်းကြီး၏ သားရုိင်းတိရစ္ဆာန် များနှင့်ပြည့်နှက်​နေ၏ ထို​တောင်သို့အမဲလိုက်သူ ​၊စူးစမ်း​လေ့လာသူများသာ လာကြသည်

ထယ်​ယောင်းတို့ကား​လေးသည် hala​တောင်ပတ်ဝန်းကျင်ရှိ  hotelတစ်ခုသို့​ရောက်လာကြ၏

"ရောက်ပြီ  "

"Wow ပတ်ဝန်းကျင်က ရှယ်ပဲ မိုက်နေရော ဟုတ်တယ်မို့လား yoongi Hyung "

"အင်း သေးသေးလေးပြောတာမှန်တယ် "

"ဟိုနှစ်ယောက် အခုထိကားပေါ်ကမဆင်းသေးဘူးလား"

"သူတို့အိပ်ပျော်နေကြတယ် Hyung "

" ဪ ကောင်းရော တစ်လမ်းလုံးကားမောင်းလာတဲ့ ကိုယ်က ဘာမှမဖြစ်သူတို့က အိပ်နေတယ် "

"ဟုတ်ပ Hyung ရယ်"

"ဟိုမှာ ကြည့်ပါအုံး အိပ်တာများခေါလို့ ညဘက်တွေ ဘာလုပ်နေကြလဲမသိဘူး"

"ဟာ Hyung ကလည်း"

မျက်နှာကြီး နီနေတဲ့ Jimin

"ငါတို့ အရင်အခန်းသွားယူကြမလား"

"ဗျာ ဗျာ "

"အခန်းလေ ဒီ hotel က  နာမည်ကြီးတယ် အခန်းက ခဏလေးနဲ့ လူပြန်ပြည့်သွားရော ၊အဲ့တာကြောင့်အခန်းမြန်မြန်သွားယူမယ် "

"ဟုတ် ဟုတ်"

Jimin အရှေ့သို့သွားမလို့လုပ်နေစဉ်

"ခဏ  ရပ်နေဦး"

" ဟင် ဘာဖြစ်လို့လဲ Hyung "

"သေးသေးလေး မျက်နှာတွေနီနေတယ်၊ဘာဖြစ်တာလဲ  "

"Hyung အဲ့တာ ဟိုဟာ ဟိုဟာ  ရာသီဉတု ပူလို့ပါ "
"ပြီးရော"

ထိုအချိန် ကားပေါ်မှဆင်းလာတဲ့ ထယ်ယောင်းနဲ့ဂျောင်ကု

"ရောက်တောင်ရောက်နေပြီပဲ ကျွန်တော်တို့နှစ်ယောက် အိပ်ပျော်သွား ဟီးး"

My little Boss and Me(Completed)Where stories live. Discover now