Unicode~~~
လူတစ်ယောက်ကိုပဲ ထပ်ခါတလဲလဲ
သဘောကျနေမိတဲ့အခိုက်အတန့်။
အချိန်တွေကြာလည်းရိုးမသွားဘူး။
ရာသီတွေပြောင်းလည်း ငြီးငွေ့မသွားဘူး။အကြည့် အပြုံး စကားလုံးအမူအရာ ဟန်ပန်~အဲ့ဒီလူသားနဲ့ပတ်သတ်သမျှအရာရာဟာကိုယ့်နှလုံးသားထဲမယ်ဟောင်းနွမ်းသွားမဲ့ခံစားမှုမျိုးဘယ်တုန်းကမှမရှိခဲ့ပါဘူး~~~~။****Boyfriend No.2****
ချစ်ခြင်းတွေဟာ ကိုယ့်ဂရုစိုက်မှုတွေကို သူငယ်ချင်းမို့လို့ ဂရုစိုက်တာဆိုပီး ယူဆတဲ့ ထိုကောင်လေးနဲ့စတင်တယ်။
2017 July ~~~
ရွာချလိုက်တဲ့မိုးတွေဟာ တိမ်မဲတချို့ရဲ့စေရာလမ်းအတိုင်း လေပြင်းတချက်ဝှေ့သွားတိုင်း စိမ့်နေအောင်ချမ်းစေသလို ခန္ဓာကိုယ်တခုလုံးကိုပါ စိုရွှဲသွားသည်အထိပင်။ဒီနေ့မနက် အိမ်ကထွက်လာခါနီး အမေပေးလိုက်တဲ့ထီးလေးပါလို့သာပေါ့။မဟုတ်ရင် ကြွက်စုတ်တကောင်လို ဆံပင်အချောင်းလိုက်စိုရွှဲပြီး ကျောင်းတက်ရမှာ။
အတန်းထဲဝင်တာနဲ့ တပြိုင်နက် အလယ်လိုင်း စတုတ္ထမြောက်ခုံလေးကိုလှမ်းကြည့်မိတော့ ~~~
"သူမရောက်လာသေးဘူးပဲ~~"
မိုးရေတချို့တွဲခိုနေတဲ့ အင်္ကျီလက်မောင်းလေးကိုအသာခါချရင်းပြောမိသည်။တဆက်တည်းမှာပဲတွေးမိသည်က ~~
"မိုးရွာနေတာ သူထီးမှပါလာပါ့မလား?"
ဘာမဆို တခုခုမေ့တတ်သလို ရှက်တိရှက်ပြာနိုင်တဲ့ ထိုကောင်လေးအတွက်ထီးမေ့လာမည်ကို စိုးရိမ်မိသည်။အတန်းထဲထိုင်နေဖို့တော့ မဖြစ်ချေဘူး။ သူ့မလာခင်ထီးတချောင်းတော့ အပိုယူပြီး ကျောင်းထိပ်မှာ သွားစောင့်မှပါလေ~~။
"ဟိုဆော့ရေ~~မင်းရဲ့ထီးခဏငှါးကွာ~။"
ထို့နောက် ထီးပိုင်ရှင်ရဲ့ပြန်အဖြေကိုတောင်မစောင့် အတန်းအဝင်ဝက ထီးတွေထည့်ထားတဲ့ခြင်းထဲကနေ ဟိုဆော့ရဲ့ထီးယူကာထွက်လာခဲ့သည်။
"ဟေ့ကောင်~~မင်းလွယ်အိတ်တွေ အတန်းထဲမထားခဲ့တော့ဘူးလား~~"
ဟိုဆော့လှမ်းပြောနေသော်လည်း ထီးယူသွားတဲ့ကောင်လေးမှာ အရေးတကြီးပြေးထွက်လိုက်တာ ကျောင်းထိပ်တောင်ရောက်တော့မည်ဖြစ်သည်။
YOU ARE READING
Boyfriend No.2
Romanceသူငယ်ချင်းကင်မ်ဆော့ဂျင်အား အရိပ်တကြည့်ကြည့်ဖြင့်ချစ်ပေးတတ်သောဂျောင်ကုနှင့် ငယ်ချစ်ဦးကင်မ်နမ်ဂျွန်းအားသဘောကျနေသူ ကင်မ်ဆော့ဂျင််။